Job 37:19
ငါတို့သည် အဘယ်သို့လျှောက်ရမည်ကို သွန်သင်ပါ။ ငါတို့သည် မိုက်သောကြောင့်၊ အလိုအလျောက် မလျှောက်တတ်ကြ။
Common Language Bible
In The King James Version
Teach us what we shall say unto him; for we cannot order our speech by reason of darkness.
In Context
18သွန်းသော ကြေးမုံကဲ့သို့ တည်လျက်ရှိသော မိုဃ်းကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။
Cross References
Job 12:3သို့သော်လည်း ငါသည် သင်တို့ကဲ့သို့ဥာဏ်ရှိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။ ဤကဲ့သို့သော အရာများကို အဘယ်သူသည် နားမလည်းဘဲနေသနည်း။
Job 13:6ငါပြောမည်အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးနွှေးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့။
Job 28:20သို့ဖြစ်၍၊ ပညာသည် အဘယ်က လာသနည်း။ ဥာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။
Job 40:4ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။
Psalms 73:16သို့ဖြစ်၍ကျွန်တော်မျိုးသည်ဤအခြင်းအရာကို သိရှိနားလည်ရန်ကြိုးစား၍စဉ်းစားဆင်ခြင် ပါ၏။ သို့ရာတွင်ယင်းကိုနားလည်နိုင်ရန်လွန်စွာ ခက်ခဲပါ၏။
Psalms 139:6ကျွန်တော်မျိုး၏အကြောင်းကိုကိုယ်တော်ရှင် သိတော်မူပုံမှာအံ့သြဖွယ်ဖြစ်ပါ၏။ ထိုသို့သောအသိဉာဏ်သည်ကျွန်တော်မျိုး နားမလည်နိုင်အောင်နက်နဲလှပါ၏။