Job 38:5
မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင်သနည်း။ နားလည်လျှင်ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ချသနည်း။
Common Language Bible
In The King James Version
Who hath laid the measures thereof, if thou knowest? or who hath stretched the line upon it?
In Context
4မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဘော်ပြလော့။
6မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေ သနည်း။
Cross References
Job 11:9အတိုင်းအရှည်သည် မြေကြီးကိုလွန်လျက် သမုဒ္ဒရာထက်သာ၍ ကျယ်ဝန်းလျက်ရှိ၏။
Psalms 19:4နေ့နှင့်ညမှထွက်ပေါ်လာသည့်အသံသည် ကမ္ဘာမြေတစ်ပြင်လုံးသို့ပျံ့နှံ့သွားလျက် ယင်းတို့ကြေညာသောစကားသည် ကမ္ဘာမြေကြီးစွန်းတိုင်အောင်ရောက်လေ၏။ ဘုရားသခင်သည်နေ၏အတွက်မိုးကောင်း ကင်၌ ဗိမာန်တစ်ဆောင်ကိုတည်တော်မူ၏။
Proverbs 8:27မိုဃ်းကောင်းကင်ကို ပြင်တော်မူသော အခါငါရှိ ၏။ သမုဒ္ဒရာမျက်နှာကို ကန့်ကွက်သောအမှု၊
Isaiah 34:11ထိုပြည်သည်ဇီးကွက်များနှင့်ကျီးအတို့ ခိုအောင်းရာဖြစ်လိမ့်မည်။ ကမ္ဘာကိုဖန်ဆင်း တော်မမူမီအခါကကဲ့သို့ပင် ထာဝရ ဘုရားသည်ထိုပြည်ကိုလွတ်လပ်လဟာ ပြင်ကြီးဖြစ်စေတော်မူလိမ့်မည်။-
Isaiah 40:22ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေသူကား မြေကြီးနှင့်မိုးကောင်းကင်၏အထက်၌ရှိသော ပလ္လင်တော်ပေါ်တွင်စံပယ်တော်မူသောအရှင် ပေတည်း။ အောက်မြေကြီးပေါ်ရှိလူတို့သည်ကား ပုရွက်ဆိတ်များကဲ့သို့သေးငယ်သည်ဟု ထင်မှတ်ရပေသည်။ ကိုယ်တော်သည်မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့လည်းကောင်း၊ လူတို့နေထိုင်ရာတဲကဲ့သို့လည်းကောင်း ဖြန့်တော်မူ၏။
2 Corinthians 10:16ထိုနောက်ငါတို့သည်သင်တို့၏ဒေသကိုကျော် လွန်၍ အခြားဒေသသစ်များတွင်သခင်ယေရှု အကြောင်းသတင်းကောင်းကိုဟောပြောကြေညာ နိုင်သဖြင့် သူတစ်ပါးတို့၏နယ်ပယ်အတွင်း၌ ပြီးစီးခဲ့သည့်ဆောင်ရွက်ချက်များအတွက် ငါ တို့ဂုဏ်ယူဝါကြွားစရာမလိုတော့ပေ။