Job 4:20
တနေ့ခြင်းတွင် ပျက်စီးတတ်ကြ၏။ အဘယ်သူမျှပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏။
Common Language Bible
In The King James Version
They are destroyed from morning to evening: they perish for ever without any regarding it.
In Context
21သူတို့၏ဂုဏ်အသရေကွယ်ပျောက်၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ်ကြ၏။
Cross References
2 Chronicles 21:20သူသည်သက်တော်သုံးဆယ့်နှစ်နှစ်၌နန်း တက်၍ယေရုရှလင်မြို့တွင်ရှစ်နှစ်နန်းစံ တော်မူ၏။ ကွယ်လွန်သောအခါသူ၏အတွက် အဘယ်သူမျှဝမ်းမနည်းကြ။ သူ့အလောင်း ကိုဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြသော်လည်း ဘုရင်တို့၏သင်္ချိုင်းတွင်မသင်္ဂြိုဟ်ကြ။
Job 14:14လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည်။
Job 16:22နှစ်ပေါင်းမကြာမမြင့်မှီ တဖန်ပြန်၍ မလာရ သောလမ်းသို့ ငါလိုက်သွားရတော့မည်။
Job 20:7မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။ သူ့ကို မြင်ဘူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။
Psalms 39:13ကျွန်တော်မျိုးသေ၍ပျောက်ကွယ်မသွားမီ ရွှင်လန်းမှုအနည်းငယ်ရရှိစေရန် ကျွန်တော်မျိုးထံမှမျက်နှာတော်ကိုလွှဲတော်မူပါ။
Psalms 92:7ထိုအရာကား၊သူယုတ်မာတို့သည်ပေါင်းပင်များ သဖွယ် ကြီးပွားတိုးတက်၍ မကောင်းမှုပြုသူတို့သည်ကောင်းစားကြသော်လည်း ထိုသူတို့သည်လုံးဝသုတ်သင်ပယ်ရှင်းခြင်းကို ခံကြရမည်ဖြစ်၏။