Job 42:11
ထိုအခါ သူ၏ညီအစ်ကိုနှမများ၊ အရင်သိကျွမ်း သောသူများ၊ အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်အတူစားသောက်ကြ၏။ အပေါ်မှာ ထာဝရဘုရားရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ ငွေ တပြားစီနှင့် ရွှေနားတောင်းတဘက်စီပေးကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 24:22မိန်းမပျိုသည်ကုလားအုတ်များကိုရေတိုက် ပြီးသောအခါ ထိုသူသည်အချိန်ငါးမူးရှိ သောရွှေနှာဆွဲနှင့်အကျပ်တစ်ဆယ်အချိန် ရှိသောရွှေလက်ကောက်တစ်ရံကိုသူ့အားဝတ် ဆင်ပေးပြီးလျှင် သင်သည်မည်သူ၏သမီး ဖြစ်သည်ကိုသိပါရစေ။-
Genesis 37:35သူ၏သားသမီးအားလုံးတို့ကသူ့အားနှစ် သိမ့်ကြသော်လည်းပူဆွေးခြင်းမပြေနိုင်ချေ။ သူက``ငါသည်သေသည်အထိငါ့သားအတွက် ဝမ်းနည်းပူဆွေးရတော့မည်'' ဟုဆိုလေ၏။ ထို့ ကြောင့်သူသည်သားယောသပ်အတွက်ဆက် လက်၍ငိုကြွေးမြည်တမ်းလျက်ရှိနေလေ၏။-
1 Samuel 10:27သို့ရာတွင်လူဆိုးလူမိုက်တို့က``ဤသူ သည်ငါတို့အား အဘယ်သို့အကျိုးပြုနိုင် ပါမည်နည်း'' ဟုဆိုကြ၏။ သူတို့သည် ရှောလုကိုအထင်သေးသဖြင့် အဘယ် လက်ဆောင်ကိုမျှမပေးမဆက်ကြ။
Job 4:4သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ။
Job 16:5ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။
Job 19:14ငါ့ပေါက်ဘော်တို့သည် ငါ့ကိုစွန့်၍၊ ငါ့သူငယ် ချင်းတို့သည် မေ့လျော့ကြ၏။