Job 42:2
ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။
Common Language Bible
In The King James Version
I know that thou canst do every thing, and that no thought can be withholden from thee.
In Context
1ယောဘသည်ထာဝရဘုရားအား ပြန်လျှောက်သည်ကား၊
Cross References
Genesis 18:14ထာဝရဘုရားမတတ်နိုင်သောအရာဟူ၍ရှိ ပါသလော။ ငါပြောခဲ့ပြီးသည့်အတိုင်းနောက် ကိုးလကြာလျှင် ငါပြန်လာဦးမည်။ ထိုအခါ စာရာသည်သားကိုရလိမ့်မည်'' ဟုအာဗြဟံ အားမိန့်တော်မူ၏။
Psalms 44:21ဧကန်မုချကိုယ်တော်ရှင်သိတော်မူမည်သာ ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် လူတို့၏လျှို့ဝှက်သောအကြံအစည်များကို သိတော်မူသောကြောင့်ဖြစ်ပါ၏။
Psalms 139:2ကျွန်တော်မျိုးပြုသမျှသောအမှုတို့ကို သိတော်မူပါ၏။ အဝေးကကျွန်တော်မျိုး၏အကြံအစည် ရှိသမျှကိုသိမြင်တော်မူပါ၏။
Ecclesiastes 3:14ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စ ထာဝရဖြစ်သည်ကို ငါသိ၏။ ထပ်၍မပြုနိုင်ရာ။ နှုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည် အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။
Isaiah 43:13ငါသည်ဘုရားသခင်ဖြစ်၏။ နောင်ကိုလည်းအစဉ်အမြဲဤသို့ဖြစ်၍နေ မည်သာ၊ ငါ၏တန်ခိုးတော်ကိုအဘယ်သူမျှလုယူ နိုင်လိမ့်မည်မဟုတ်၊ ငါပြုသောအမှုကိုအဘယ်သူမျှမပြင် နိုင်ရာ'' ဟုမိန့်တော်မူ၏။
Jeremiah 17:10``ငါထာဝရဘုရားသည်လူတို့၏စိတ်နေ သဘောထားကို ရှာဖွေ၍ကြည့်တတ်၏။ စိတ်နှလုံးအကြံအစည်ကိုလည်းစစ်ဆေး၍ ကြည့်တတ်၏။ ငါသည်လူအပေါင်းတို့အားသူတို့လုပ်ဆောင်သည့် အကျင့်အရ ထိုက်သင့်သည့်အကျိုးအပြစ်ကိုပေးတတ်၏'' ဟုမိန့်တော်မူ၏။