Job 5:23
အကြောင်းမူကား၊ လယ်၌ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု၍ တောသားရဲတို့သည် သင်နှင့် မိဿဟာယဖွဲ့ကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
22ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော၍ တောသားရဲတို့ကိုလည်း မကြောက်ရ။
Cross References
Leviticus 26:6``ငါသည်သင်တို့၏ပြည်ကိုအေးချမ်းသာယာ စေသဖြင့် သင်တို့သည်ညအခါဘေးရန်အတွက် စိုးရိမ်ကြောင့်ကြမှုမရှိဘဲအိပ်ရလိမ့်မည်။ ငါ သည်သင်တို့ပြည်မှသားရဲများကိုဖယ်ရှားမည်။ စစ်ဘေးစစ်ဒဏ်ကိုနောက်တစ်ဖန်မခံစားစေရ။-
Isaiah 11:6ဝံပုလွေများသည်သိုးတို့နှင့်အတူ အေးချမ်းစွာ နေကြလိမ့်မည်။ ကျားသစ်များသည်လည်းဆိတ်ငယ်များနှင့် အတူ အိပ်ကြလိမ့်မည်။ နွားသူငယ်များနှင့်ခြင်္သေ့များ၊ အတူတူအစာစားကြလျက် သူတို့အားကလေးသူငယ်များကထိန်းကျောင်း လိမ့်မည်။
Ezekiel 14:15``သို့တည်းမဟုတ်ငါသည်လူတို့အားသုတ် သင်ရန် သားရဲတိရစ္ဆာန်များကိုစေလွှတ်သဖြင့် ထိုပြည်၌လူသူကင်းမဲ့လျက်ဖြတ်သန်း သွားလာရန်မဖြစ်နိုင်အောင် သားရဲတိရစ္ဆာန် များကြောင့်အန္တရာယ်ရှိလိမ့်မည်။-
Ezekiel 34:27သစ်ပင်များသည်အသီးသီးကြလျက်လယ် ပြင်တို့သည် အသီးအနှံထွက်ကြလိမ့်မည်။ လူ အပေါင်းတို့သည်မိမိတို့ပြည်တွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြလိမ့်မည်။ ငါသည်မိမိ လူမျိုးတော်အားချည်နှောင်ထားသောထမ်း ပိုးများကိုဖြတ်တောက်၍ သူတို့အားကျွန် ဘဝမှလွတ်မြောက်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသူတို့ သိရှိကြလိမ့်မည်။-
Hosea 2:18ထိုအခါငါသည်သားရဲ၊ ငှက်အပေါင်းတို့ နှင့်ပဋိညာဉ်ဖွဲ့၍၊ ဋ္ဌား၊ လေးမြားနှင့်စစ်ပွဲ များကိုတိုင်းနိုင်ငံမှဖယ်ရှားသဖြင့် ငါ၏ လူမျိုးတော်သည်အေးချမ်းလုံခြုံစွာနေ ထိုင်ရကြလိမ့်မည်။