Job 9:24
မြေကြီးကိုလူဆိုးတို့ လက်၌အပ်၍၊ တရားသူကြီးတို့၏ မျက်နှာကို ဖျက်တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကားအဘယ်သူနည်း။
Common Language Bible
In The King James Version
In Context
23ချက်ခြင်းဘေးတစုံတခု ရောက်သောအခါ၊ အပြစ်မရှိသောသူခံရသည်အကြောင်းကို ရယ်တော်မူ၏။
25တမြို့မှတမြို့သို့ စာပို့သောလုလင်ထက်၊ ငါ့နေ့ ရက်တို့သည် လျင်မြန်၍၊ ကောင်ကျိုးကိုမခံရဘဲ ပြေးတတ် ကြ၏။
Cross References
2 Samuel 19:4မင်းကြီးသည်မျက်နှာကိုအုပ်၍``အို ငါ့သား၊ ငါ့သားအဗရှလုံ၊ အဗရှလုံငါ့သား'' ဟုကျယ်လောင်စွာငိုကြွေးတော်မူ၏။
Esther 7:8သူသည်ဧသတာ၏သလွန်ထက်သို့လှဲချ ကာအသနားခံမည်အပြုတွင်မင်းကြီး သည် ဥယျာဉ်တော်မှပြန်လည်ရောက်ရှိကာ ညစာခန်းမဆောင်သို့ဝင်လာလေသည်။ ဟာမန်၏အမူအရာကိုမြင်သောအခါ မင်းကြီးက``ဤသူသည်မိဖုရားအားနန်း တော်အတွင်းငါ့ရှေ့မှောက်၌ပင်မတရား ပြုကျင့်မည်လော'' ဟုဟစ်အော်မိန့်မြွက် တော်မူ၏။ ယင်းသို့မင်းကြီးမိန့်မြွက်လိုက်သည့်အခါ မိန်းမစိုးတို့သည်ဟာမန်၏မျက်နှာကို ဖုံးအုပ်ကြလေသည်။
Job 12:6ထားပြလုပ်သောသူတို့၏နေရာသည် ကောင်း စားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။
Job 16:11ဘုရားသခင်သည်ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏ လက်သို့အပ်တော်မူပြီ။
Job 24:25သို့မဟုတ်လျှင်၊ ငါ၏မုသာအပြစ်ကို အဘယ်သူ ပြမည်နည်း။ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။
Psalms 17:14ဤဘဝတွင်အလိုဆန္ဒရှိသမျှအတိုင်း ပြည့်ဝကြသူတို့၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ သူတို့အတွက်ကိုယ်တော်သိုမှီးထားသည့် ဆင်းရဲဒုက္ခများအားဖြင့် သူတို့အားအပြစ်ဒဏ်စီရင်တော်မူပါ။ ဤဆင်းရဲဒုက္ခများကိုသူတို့၏ သားသမီးများသည်သာမက သူတို့၏မြေးမြစ်များသည်လည်း ခံစားရစေတော်မူပါ။