The Bible Software
bible.software › Joel › Joel 1 › Joel 1:10

Joel 1:10

လယ်​ယာ​များ​သည်​ကောက်​ပင်​ကင်း​လျက်​နေ​၏။ ဂျုံ​ဆန်​များ​သည်​ပျက်​စီး​၍​စ​ပျစ်​သီး​များ​မှာ​ခြောက်​သွေ့​ကုန်​လျက်၊ သံ​လွင်​ပင်​များ​သည်​ညှိုး​နွမ်း​သွား​ကြ​၏။ ထို့​ကြောင့်​မြေ​ကြီး​သည်​ငို​ကြွေး​မြည်​တမ်း​လေ​တော့​၏။

Common Language Bible

In The King James Version

The field is wasted, the land mourneth; for the corn is wasted: the new wine is dried up, the oil languisheth.

In Context

9ဗိ​မာန်​တော်​တွင်​ပူ​ဇော်​ဆက်​သ​ရန်​ဂျုံ​ဆန်​သော်​လည်း​ကောင်း စ​ပျစ်​ရည်​သော်​လည်း​ကောင်း​မ​ရှိ​တော့​ပေ။ မိ​မိ​တို့​ထံ​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ပူ​ဇော်​သ​ကာ​များ​မ​ရှိ​သ​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ငို​ကြွေး​မြည်​တမ်း​ကြ​ကုန်​၏။

11အ​ချင်း​လယ်​သ​မား​တို့​ဝမ်း​နည်း​ပူ​ဆွေး​ကြ​လော့။ ဂျုံ​စ​ပါး​မု​ယော​စ​ပါး​မှ​စ​၍​အ​သီး​အ​နှံ​ရှိ​သ​မျှ​တို့​သည်​ပျက်​စီး​သွား​လေ​ပြီ။ ထို့​ကြောင့်​အ​ချင်း​စ​ပျစ်​ဥ​ယျာဉ်​မှူး​တို့​ငို​ကြွေး​ကြ​လော့။

Read all of Joel 1

Cross References

Isaiah 24:3ကမ္ဘာ​မြေ​ကြီး​သည်​က​စင့်​က​လျား​ဖြစ်​လျက် ယို​ယွင်း​ပျက်​စီး​နေ​လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ဖြစ်​သ​ဖြင့်​ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​ပျက်​ရ​မည်​သာ​တည်း။

Jeremiah 12:4ကျွန်​တော်​မျိုး​တို့​၏​ပြည်​သည်​အ​ဘယ်​မျှ ကြာ​ကြာ ခြောက်​သွေ့​လျက်၊ လယ်​ကွင်း​များ​ရှိ​မြက်​တို့​သည်​လည်း၊အ​ဘယ်​မျှ ကြာ​ကြာ​ညှိုး​နွမ်း​လျက်​နေ​ရ​ပါ​မည်​နည်း။ `ငါ​တို့​ပြု​ကျင့်​ပုံ​ကို​ဘု​ရား​သ​ခင်​တွေ့​မြင်​တော် မမူ' ဟု​ပြော​ဆို​ကြ​သည့် ဤ​ပြည်​သူ​တို့​၏​ယုတ်​မာ​မှု​ကြောင့်​ငှက်​များ၊ တိ​ရစ္ဆာန်​များ​သည်​သေ​ကြေ​ပျက်​စီး​လျက်​ရှိ ပါ​၏။''

Jeremiah 14:2``ယု​ဒ​ပြည်​သည်​ငို​ကြွေး​လျက်​နေ​၏။ ယု​ဒ​မြို့​တို့​သည်​နွမ်း​လျ​လျက်​နေ​၏။ ယု​ဒ​ပြည်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​အော်​ဟစ်​လျက် အ​ကူ​အ​ညီ​တောင်း​ခံ​၍​နေ​၏။

Hosea 4:3သို့​ဖြစ်​၍​ဤ​ပြည်​သည်​ခြောက်​သွေ့​လျက် သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်။ တိ​ရစ္ဆာန်​များ၊ ငှက်​များ နှင့်​ပင်​လယ်​ထဲ​ရှိ​ငါး​များ​ပင်​သေ​ကြေ ပျက်​စီး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

Joel 1:5အ​ချင်း​သေ​သောက်​ကြူး​တို့​နိုး​ထ​၍​ငို​ကြွေး​ကြ​လော့။ အ​ချင်း​စ​ပျစ်​ရည်​သ​မား​တို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ စ​ပျစ်​ရည်​သစ်​ပြု​လုပ်​ရန်​စ​ပျစ်​သီး​များ​ပျက်​စီး​ကုန်​ပြီ။

Joel 1:17မျိုး​စေ့​တို့​သည်​မြေ​ခြောက်​အောက်​တွင်​ပုပ်​ပျက်​၍​သွား​ကြ​၏။ သို​လှောင်​ရန်​ဂျုံ​ဆန်​မ​ရှိ​တော့​သ​ဖြင့် ဟာ​လာ​ဟင်း​လင်း​ဖြစ်​လျက်​နေ​သော​စ​ပါး​ကျီ​များ​သည်​ယို​ယွင်း​ပျက်​စီး​၍​နေ​ကြ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Joel 1:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Joel 1:9Joel 1Joel 1:11 →