Joel 1:13
ယဇ်ပလ္လင်အမှုတော်ဆောင် အချင်းယဇ်ပုရောဟိတ်တို့၊လျှော်တေကိုဝတ်၍ငိုကြွေးကြလော့။ ငါ၏ဘုရားသခင်ရှေ့အမှုတော်ဆောင်တို့ဗိမာန်တော်သို့ဝင်၍ ညဥ့်လုံးပေါက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ဘုရားသခင်အားပူဇော်ရန်ဂျုံဆန်နှင့်စပျစ်ရည်များမရှိတော့ပြီ။
Common Language Bible
In The King James Version
In Context
Cross References
Numbers 28:4သိုးကလေးတစ်ကောင်ကိုနံနက်တွင်ပူဇော်၍ အခြားတစ်ကောင်ကိုညနေတွင်ပူဇော်ရမည်။-
Numbers 28:14ထိုမီးရှို့ရာယဇ်တို့နှင့်တွဲ၍ဆက်သရသော စပျစ်ရည်သကာမှာ နွားထီးတစ်ကောင်စီနှင့် အတူစပျစ်ရည်လေးပိုင့်၊ သိုးထီးနှင့်အတူ စပျစ်ရည်သုံးပိုင့်၊ သိုးကလေးတစ်ကောင်စီ နှင့်အတူစပျစ်ရည်နှစ်ပိုင့်ကိုပူဇော်ရမည်။-
2 Samuel 12:16ဒါဝိဒ်သည်ထိုကလေးကျန်းမာလာစေရန် ဘုရားသခင်အားဆုတောင်းပတ္ထနာပြု၏။ မင်းကြီးသည်အဘယ်အစားအစာကိုမျှ မစား။ ညစဉ်ညတိုင်းမိမိ၏အခန်းသို့ဝင် ပြီးလျှင် ကြမ်းပြင်ပေါ်တွင်တစ်ညဥ့်လုံးလှဲ လျောင်းလျက်နေ၏။-
Isaiah 22:12ထိုစဉ်အခါကအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် သင့်အားငိုကြွေး၍၊ ဝမ်းနည်းသည့် အမှတ်လက္ခဏာပြရန်နှင့်ခေါင်းတုံးရိတ်၍ လျှော်တေကိုဝတ်ရန်စေခိုင်းတော်မူခဲ့၏။-
Jeremiah 4:8သို့ဖြစ်၍လျှော်တေကိုဝတ်၍ငိုကြွေးမြည် တမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်၊ထာဝရဘုရား၏ ပြင်းထန်သောအမျက်တော်သည် ယုဒပြည်သို့ဦးတည်လျက်ရှိနေသေး သောကြောင့်ဖြစ်၏။
Ezekiel 7:18သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ တစ် ကိုယ်လုံးတုန်လှုပ်လျက်နေကြလိမ့်မည်။ ဦး ဆံပယ်၍ရှက်ကြောက်နေသောမျက်နှာများ တွေ့ရကြလိမ့်မည်။-