Joel 1:15
ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက်ကာလသည်နီးကပ်လာလေပြီ။ ထိုကာလတွင်အနန္တတန်ခိုးရှင်သည် ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော်မူလိမ့်မည်။ ထိုနေ့ရက်သည်အဘယ်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 13:6အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
Ezekiel 7:2ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်သူပြည်သားတို့အား ငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား``နိုင်ငံတစ်ခု လုံးပျက်သုဉ်းရာအချိန်ကျပြီ။
Ezekiel 7:7ပြည်သူပြည်သားတို့ဆုံးပါးပျက်စီးရာ အချိန်ရောက်လာပေတော့အံ့။ တောင်ပေါ်တွင် ပွဲလမ်းသဘင်များမရှိတော့ဘဲ ဗရုတ်သုတ် ခဖြစ်ရန်အချိန်သည်နီးကပ်လာလေပြီ။ ရောက်လာတော့မည်။
Ezekiel 7:12အချိန်ကျပြီ။ ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်၍မဖြစ်သည့်နေ့ရက်ကာလနီးကပ် လာလေပြီ။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏အမျက်တော်သည်လူတိုင်းအပေါ် သို့သက်ရောက်မည်ဖြစ်သောကြောင့်တည်း။-
Joel 2:1ဘုရားသခင်၏တောင်တော်မြတ်တည်းဟူသော ဇိအုန်တောင်ပေါ်တွင်တံပိုးခရာမှုတ်ကြလော့။ နှိုးဆော်သံပေးကြလော့။ ယုဒပြည်သူတို့တုန်လှုပ်ကြလော့။ ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက် ကာလသည်မကြာမီကျရောက်လာလိမ့်မည်။
Joel 2:31ထာဝရဘုရားတရားစီရင်တော်မူရာ ကြောက်မက်ဖွယ်ကောင်းသည့်နေ့ကြီး မကျမရောက်မီ၊ နေသည်မှောင်မိုက်၍သွားလိမ့်မည်။ လသည် လည်း သွေးကဲ့သို့နီမြန်း၍လာလိမ့်မည်။