Joel 1:2
အချင်းအသက်ကြီးသူတို့ငါပြောသည်ကိုအာရုံစိုက်ကြလော့။ ယုဒပြည်သူအပေါင်းတို့နားထောင်ကြလော့။ သင်တို့ခေတ်၌သော်လည်းကောင်းသင်တို့ဘိုးဘေးများ၏ခေတ်၌သော်လည်းကောင်း၊ ဤအမှုအရာမျိုးဖြစ်ပျက်ဖူးသလော။
Common Language Bible
In The King James Version
In Context
1ဤဗျာဒိတ်တော်သည်ပေသွေလ၏သားယောလအား ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်ဖြစ်၏။
Cross References
Job 8:8လွန်လေပြီးသောကာလကိုစစ်၍၊ ရှေးဘိုးဘေးတို့ကို မေးမြန်းခြင်းငှါ အားထုတ်ပါတော့။
Job 15:10သင့်အဘထက်အသက်ကြီးသောသူ၊ ဆံပင်ဖြူ သောသူတို့သည် ငါတို့တွင်ရှိကြ၏။
Psalms 49:1လူအပေါင်းတို့၊ဤစကားကိုနာယူကြလော့။ အယုတ်အမြတ်၊ဆင်းရဲချမ်းသာမရွေး၊ အရပ်တကာရှိလူခပ်သိမ်းတို့နားထောင်ကြလော့။
Isaiah 34:1အို လူမျိုးအပေါင်းတို့လာကြလော့။ လာ ရောက်စုဝေး၍နားထောင်ကြလော့။ ကမ္ဘာတစ် ဝှမ်းလုံးတွင်နေထိုင်သမျှသောလူတို့သည် ဤအရပ်သို့လာ၍နားထောင်ကြရာ၏။-
Jeremiah 30:7ထိတ်လန့်ဖွယ်ကောင်းသည့်နေ့ရက်ကာလသည် ကျရောက်လာလိမ့်မည်။ အခြားအဘယ်နေ့ရက်ကိုမျှထိုနေ့ရက်နှင့် နှိုင်းယှဉ်၍မရ။ ထိုနေ့ရက်သည်ယာကုပ်အမျိုးဆင်းရဲဒုက္ခ ရောက်ရကြမည့်နေ့ရက်ဖြစ်၏။ သို့ရာတွင်သူတို့သည်အသက်မသေဘဲ ကျန်ရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Hosea 4:1ဣသရေလအမျိုးသားတို့၊ ထာဝရဘုရား ၏မိန့်တော်မူချက်ကိုနားထောင်ကြလော့။ ဤ တိုင်းပြည်တွင်နေထိုင်သူတို့အားထာဝရ ဘုရားစွပ်စွဲတော်မူချက်ရှိပေ၏။ ကိုယ်တော် က``ဤတိုင်းပြည်တွင်သစ္စာတရားမေတ္တာ တရားဟူ၍မရှိ။ ငါသည်ဘုရားဖြစ်သည် ဟုပြည်သူတို့ကအသိအမှတ်မပြုကြ။-