Joel 1:5
အချင်းသေသောက်ကြူးတို့နိုးထ၍ငိုကြွေးကြလော့။ အချင်းစပျစ်ရည်သမားတို့ငိုကြွေးမြည်တမ်းကြလော့။ စပျစ်ရည်သစ်ပြုလုပ်ရန်စပျစ်သီးများပျက်စီးကုန်ပြီ။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 24:7စပျစ်ပင်တို့သည်ညှိုးနွမ်းသဖြင့်စပျစ် ရည်ရှားပါး၍လာလေသည်။ အခါတစ်ပါး ကကြည်လင်ရွှင်လန်းလျက်ရှိကြသူလူ အပေါင်းတို့သည် ယခုအခါစိတ်ညှိုး ငယ်လျက်နေကြ၏။-
Jeremiah 4:8သို့ဖြစ်၍လျှော်တေကိုဝတ်၍ငိုကြွေးမြည် တမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်၊ထာဝရဘုရား၏ ပြင်းထန်သောအမျက်တော်သည် ယုဒပြည်သို့ဦးတည်လျက်ရှိနေသေး သောကြောင့်ဖြစ်၏။
Joel 1:11အချင်းလယ်သမားတို့ဝမ်းနည်းပူဆွေးကြလော့။ ဂျုံစပါးမုယောစပါးမှစ၍အသီးအနှံရှိသမျှတို့သည်ပျက်စီးသွားလေပြီ။ ထို့ကြောင့်အချင်းစပျစ်ဥယျာဉ်မှူးတို့ငိုကြွေးကြလော့။
Joel 3:3သူတို့သည်သုံ့ပန်းများကိုအဘယ်သူသို့ ပေးအပ် ရမည်ကိုမဲချ၍ဆုံးဖြတ်ခဲ့ကြ၏။ ပြည့်တန်ဆာမများအတွက်အခကြေးငွေနှင့် စပျစ်ရည်ဖိုးရရှိရန် သူတို့သည်သူငယ်သူငယ်မများကို ရောင်းစားခဲ့ကြသည်။
Luke 16:19``အခါတစ်ပါး၌သူဌေးတစ်ဦးရှိ၏။ သူသည် နေ့စဉ်ကမ္ဗလာနီနှင့်ပိတ်ချောထည်များကို ဝတ်ဆင်လျက်စည်းစိမ်ခံစားလျက်နေ၏။-
Luke 21:34``သင်တို့သည်ပျော်ရွှင်သောက်စားမူးယစ်ခြင်း၊ လောကီမှုရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် အချိန်မကုန်စေရန်သတိနှင့်နေကြလော့။ ယင်း သို့သတိနှင့်မနေပါမူ တရားစီရင်တော်မူရာ နေ့ရက်သည်ထောင်ချောက်ကျသကဲ့သို့ သင်တို့ အပေါ်သို့ရုတ်တရက်ကျရောက်လိမ့်မည်။ ထို နေ့ရက်သည်ကမ္ဘာပေါ်ရှိလူသားအပေါင်း တို့အပေါ်သို့ကျရောက်လာလိမ့်မည်။-