Joel 2:5
သူတို့သည်တောင်ရိုးများပေါ်တွင်ခုန်လွှားကာ စစ်မြင်းရထားမြည်သံကဲ့သို့လည်းကောင်း၊ မြက်ခြောက်မီးလောင်သကဲ့သို့လည်းကောင်း အော်မြည်ကြ၏။ သူတို့သည်တိုက်ပွဲဝင်ရန်အသင့်ပြင်လျက် ရှိသည့် တပ်မတော်ကြီးကဲ့သို့စီတန်းလျက်နေကြ၏။
Common Language Bible
In The King James Version
In Context
4ကျိုင်းကောင်တို့သည်မြင်းများနှင့်သဏ္ဌာန်တူ၍၊ စစ်မြင်းကဲ့သို့ပြေးကြ၏။
Cross References
Job 39:20ကျိုင်းကောင် ခုန်သကဲ့သို့ ခုန်တတ်စေသလော။ သူ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ်ဖြစ်၏။
Isaiah 30:30ထာဝရဘုရားသည်လူအပေါင်းတို့အား အာနုဘော်တော်နှင့်ပြည့်ဝသည့်အသံတော် ကိုကြားစေတော်မူ၍ မိမိ၏အမျက်တော် အရှိန်ကိုခံစားစေတော်မူလိမ့်မည်။ မီး တောက်မီးလျှံများ၊ မိုးထစ်ချုန်းမှု၊ မိုးသီး များကျမှုနှင့်သည်းထန်စွာမိုးရွာသွန်း မှုကိုဖြစ်ပွားစေတော်မူလိမ့်မည်။-
Nahum 3:2နှင်တန်ရိုက်သံ၊ရထားဘီးလှိမ့်သံ၊မြင်းခွာသံ၊ စစ်မြင်းရထားဆောင့်သံကိုနားထောင်လော့။
Revelation 9:9သူတို့၏ရင်အုပ်တွင်သံရင်အုပ်တန်ဆာတပ် ဆင်ထားသည်နှင့်တူ၏။ သူတို့၏အတောင်ခပ် သံသည်စစ်ပွဲဝင်ရန်မောင်းနှင်လာသောမြင်း ရထားများ၏အသံနှင့်တူ၏။-