Joel 2:7
ကျိုင်းကောင်တို့သည်စစ်သူရဲများသဖွယ် တိုက်ခိုက်ကြ၏။ စစ်သည်တပ်သားများသဖွယ်မြို့ရိုးများကို တက်ကြ၏။ သူတို့အားလုံးပင်ရှေ့သို့တည့်မတ်စွာ ချီတက်လျက်နေကြ၏။ မိမိတို့၏လမ်းကိုမပြောင်းမလွှဲကြ။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 1:23``အံ့သြနှစ်သက်ဖွယ်ကောင်းသောရှောလုနှင့် ယောနသန်တို့သည်ရှင်အတူသေမကွဲ လင်းယုန်ငှက်ထက်လျင်မြန်၍ခြင်္သေ့ထက် ခွန်အားကြီးကြပါသည်တကား။
2 Samuel 5:8ထိုနေ့၌ဒါဝိဒ်ကမိမိ၏လူတို့အား``ယေ ဗုသိအမျိုးသားတို့ကိုငါမုန်းသကဲ့သို့ မုန်းသူတို့အားသတ်ဖြတ်မည့်သူရှိလျှင် ရေပြွန်ခေါင်းအတွင်းမှနေ၍မြို့ထဲသို့ဝင် ပြီးလျှင်မျက်မမြင်ခြေဆွံ့သူတို့အားတိုက် ခိုက်ကြလော့'' ဟုမိန့်တော်မူ၏။ (ထိုအကြောင်း ကိုအစွဲပြု၍``မျက်မမြင်နှင့်ခြေဆွံ့သူတို့ သည်ထာဝရဘုရား၏အိမ်တော်သို့မဝင် ရကြ'' ဟုဆိုလေ့ရှိလေသည်။)
Psalms 19:5မိမိအိပ်ခန်းမှထွက်၍လာသောမင်္ဂလာ ဆောင် သတို့သားကဲ့သို့လည်းကောင်း၊ အပြေးပြိုင်ရန်ဆန္ဒစောလျက်ရှိသည့် အားကစားသမားကဲ့သို့လည်းကောင်း နေသည်ထွက်ပြူလာ၏။
Isaiah 5:26ထာဝရဘုရားသည်အချက်ပြ၍ရပ်ဝေး နေလူမျိုးခြားတို့အားခေါ်ယူတော်မူလိမ့် မည်။ ကိုယ်တော်သည်သူတို့အားကမ္ဘာမြေကြီး စွန်းမှလာရောက်ကြရန်လေချွန်သံဖြင့် အချက်ပေးတော်မူလိမ့်မည်။ ထိုသူတို့သည် လည်းဤအရပ်သို့အလျင်အမြန်လာ ရောက်ကြလိမ့်မည်။-
Joel 2:9သူတို့သည်မြို့ရှိရာသို့ပြေးကြ၏။ မြို့ရိုးများကိုကျော်၍အိမ်များပေါ်သို့တက် ပြီးလျှင် သူခိုးသဖွယ်ပြူတင်းပေါက်များမှဝင်ကြ၏။