The Bible Software
bible.software › Joel › Joel 3 › Joel 3:12

Joel 3:12

ထာ​ဝ​ရ​ဘု​ရား​က``လူ​မျိုး​တ​ကာ​တို့​သည် အ​သင့်​ပြင်​ဆင်​လျက်၊ တ​ရား​စီ​ရင်​တော် မူ​ရာ ချိုင့်​ဝှမ်း​သို့​လာ​ရောက်​ရ​ကြ​မည်။ အနီး​အနား​ဝန်း​ကျင်​မှ​လူ​မျိုး​တ​ကာ တို့​အား တ​ရား​စီ​ရင်​ရန်​ထို​အ​ရပ်​တွင်​ငါ​ထာ​ဝ​ရ ဘု​ရား ထိုင်​တော်​မူ​မည်။

Common Language Bible

In The King James Version

Let the heathen be wakened, and come up to the valley of Jehoshaphat: for there will I sit to judge all the heathen round about.

In Context

11အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့ အ​လျင်​အ​မြန်​လာ​၍၊ ချိုင့်​ဝှမ်း​၌​စု​ရုံး ကြ လော့' ဟု​မိန့်​တော်​မူ​၏။'' အို ထာ​ဝ​ရ​ဘု​ရား​ထို​သူ​တို့​အား​တိုက်​ခိုက်​ရန် ကိုယ်​တော်​ရှင်​၏​တပ်​မ​တော်​ကို​စေ​လွှတ်​တော် မူ​ပါ။

13ထို​သူ​တို့​သည်​အ​လွန်​ယုတ်​မာ​ကြ​၏။ ကောက်​ရိတ်​ချိန်​၌​ဂျုံ​နှံ​ကို​ဖြတ်​သ​ကဲ့​သို့ သူ​တို့​ကို​ခုတ်​ဖြတ်​ကြ​လော့။ စ​ပျစ်​သီး​များ​နှင့်​ပြည့်​လျက်​နေ​သော အ​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​ရည်​များ လျှံ​တက်​လာ​သည်​တိုင်​အောင်၊ စ​ပျစ်​သီး​များ​ကို​နင်း​ချေ​သ​ကဲ့​သို့ ထို​သူ​တို့​ကို နင်း​ချေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

Read all of Joel 3

Cross References

2 Chronicles 20:26လေး​ရက်​မြောက်​သော​နေ့​၌​သူ​တို့​သည်​ဗ​ရာ​ခ ချိုင့်​ဝှမ်း​တွင်​စု​ရုံး​ကြ​လျက် ဘု​ရား​သ​ခင်​ပြု တော်​မူ​သော​ကျေး​ဇူး​တော်​အ​ပေါင်း​အ​တွက် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ ဤ သည်​ကို​အ​ကြောင်း​ပြု​၍​ထို​ချိုင့်​ဝှမ်း​ကို ဗ​ရာ​ခ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ​သည်။-

Psalms 7:6အို ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်​၍​ထ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု​သူ​တို့​၏​ဒေါ​သ​ကို​ဆီး​တား​တော်​မူ​ပါ။ နိုး​ထ​တော်​မူ​လျက်​ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ တ​ရား​မျှ​တ​မှု​ကို​ကိုယ်​တော်​အ​လို​ရှိ​တော်​မူ​သည်​ဖြစ်​၍

Psalms 96:13အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ကမ္ဘာ​မြေ​ကြီး​ကို​အုပ်​စိုး​ရန် ကြွ​လာ​တော်​မူ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။ ကိုယ်​တော်​သည်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​လိမ့်​မည်။

Psalms 110:5ဘု​ရား​ရှင်​သည်​အ​ရှင်​မင်း​ကြီး​၏​လက်​ယာ ဘက်​တွင် ရှိ​တော်​မူ​ပါ​၏။ အ​မျက်​ထွက်​တော်​မူ​ရာ​နေ့​ရက်​၌​ကိုယ်​တော် သည် ဘု​ရင်​အ​ပေါင်း​တို့​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။

Isaiah 3:13ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​မှု​ကို​ဖော်​ပြ ရန်​အ​သင့်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​မျိုး တ​ကာ​တို့​ကို​တ​ရား​စီ​ရင်​ရန်​အ​သင့်​ရှိ တော်​မူ​၏။-

Ezekiel 39:11ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​မှု​အ​ရာ​အ​ပေါင်း ဖြစ်​ပျက်​လာ​သော​အ​ခါ​ဂေါ​ဂ​အား ဣသ​ရေ​လ ပြည်​ပင်​လယ်​သေ​အ​ရှေ့​ဘက်​တွင်​ရှိ​သော ခ​ရီး​သည် ချိုင့်​ဝှမ်း​တွင်​သင်္ချိုင်း​မြေ​ယာ တစ်​ကွက်​ကို​ငါ​ပေး​မည်။ ထို​အ​ရပ်​တွင် ဂေါ​ဂ​နှင့်​သူ​၏​တပ်​မ​တော်​တစ်​ခု​လုံး​ကို မြှုပ်​နှံ​ရ​သ​ဖြင့် ခ​ရီး​သွား​ရန်​လမ်း​ပိတ် နေ​လိမ့်​မည်။ သို့​ဖြစ်​၍​ထို​ချိုင့်​ဝှမ်း​သည် ဂေါ​ဂ​တပ်​မ​တော်​ချိုင့်​ဝှမ်း​ဟု​နာ​မည် တွင်​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Joel 3:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Joel 3:11Joel 3Joel 3:13 →