Joel 3:4
``တုရုမြို့၊ ဇိအုန်မြို့နှင့်ဖိလိတ္တိပြည်အရပ် ရပ်မှလူအပေါင်းတို့ သင်တို့သည်ငါ့အား အဘယ်သို့ပြုရန်ကြိုးပမ်းနေကြပါသနည်း။ ငါ့အားလက်စားချေရန်ကြိုးပမ်းနေကြပါ သလော။ ယင်းသို့ကြိုးပမ်းနေကြပါမူ၊ ငါ သည်အလျင်အမြန်ဦးစွာသင်တို့အား လက်စားချေမည်။-
Common Language Bible
In The King James Version
In Context
Cross References
Judges 11:12ထိုနောက်သူသည်အမ္မုန်ဘုရင်ထံသို့စေတမန် များကိုလွှတ်၍``သင်နှင့်ငါတို့တွင်အဘယ် ရန်စရှိပါသနည်း။ သင်သည်အဘယ်ကြောင့် ငါတို့ပြည်သို့ချဉ်းနင်းဝင်ရောက်ရပါ သနည်း'' ဟုမေး၏။
Isaiah 34:8ဤအချိန်အခါကားဇိအုန်မြို့ကိုထာဝရ ဘုရားကယ်ဆယ်တော်မူ၍ ထိုမြို့၏ရန်သူ တို့အားလက်စားချေတော်မူမည့်အခါ ပင်ဖြစ်သတည်း။
Jeremiah 47:4တုရုမြို့နှင့်ဇိဒုန်သို့ပေးပို့နိုင်သည့်စစ်ကူ အကြွင်းအကျန်မှန်သမျှကိုဖြတ်တောက် ပစ်ရန် ဖိလိတ္တိပြည်ကို၊သုတ်သင်ပယ်ရှင်းရမည့် နေ့ရက်ကာလကျရောက်လာလေပြီ။ ငါထာဝရဘုရားသည်ကရေတေကမ်းခြေမှ လာသူအပေါင်းဖြစ်သည့် ဖိလိတ္တိအမျိုးသားတို့အားသုတ်သင်ပယ်ရှင်းမည်။
Ezekiel 25:12အရှင်ထာဝရဘုရားက``ဧဒုံပြည်သည် ရက်စက်စွာယုဒပြည်ကိုလက်စားချေ ခြင်းအားဖြင့်ကြီးလေးသောအပြစ်ကို ကူးလွန်၏။-
Joel 2:10သူတို့ချဉ်းကပ်လာချိန်၌မြေငလျင်လှုပ် လေ၏။ မိုးကောင်းကင်သည်လည်းတသိမ့်သိမ့်တုန်၍ သွားလေ၏။ နေနှင့်လသည်မှောင်မိုက်လျက်နေကာကြယ် တာရာ များသည်လည်းမထွန်းမလင်းကြတော့ချေ။