ရှင်ယောဟန်ခရစ်ဝင် 1:45
ဖိလိပ္ပုသည်နာသနေလကိုတွေ့သဖြင့် ``မောရှေ ၏ပညတ်ကျမ်းတွင်လည်းကောင်း၊ ပရောဖက်ကျမ်း များတွင်လည်းကောင်းရေးသားဖော်ပြထားသူ ကိုငါတို့တွေ့ပြီ။ ထိုသူသည်ယောသပ်၏သား၊ နာဇရက်မြို့သားယေရှုဖြစ်၏'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 1
Cross References
Genesis 3:15သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
Genesis 49:10ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
Isaiah 4:2ထာဝရဘုရားသည်ပြည်တော်တွင်သစ်ပင် ကြီးငယ်အပေါင်းကို ထွားကြိုင်းသန်မာစိုပြေ စေတော်မူမည့်အချိန်ကျရောက်လာတော့မည်။ မသေဘဲကျန်ရှိနေသေးသောဣသရေလ အမျိုးသားအပေါင်းတို့သည် ပြည်တော်ထွက် သီးနှံများအတွက်ဂုဏ်ယူဝမ်းမြောက်ကြ လိမ့်မည်။-
Isaiah 9:6ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
Micah 5:2ထာဝရဘုရားက``ဧဖရတ်ခရိုင်၊ ဗက်လင် မြို့၊ သင်သည်ယုဒပြည်တွင်သိမ်ငယ်သော မြို့တစ်မြို့ဖြစ်သော်လည်း ရှေးမင်းဆက်ထဲ မှဣသရေလအမျိုးသားတို့ကိုအုပ်စိုး မည့်ဘုရင်တစ်ပါးကိုငါပေါ်ထွန်းစေ မည်'' ဟုမိန့်တော်မူ၏။
Zechariah 9:9ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။