ရှင်ယောဟန်ခရစ်ဝင် 11:53
ထိုနေ့မှစ၍ယုဒအာဏာပိုင်တို့သည် သခင်ယေရှုကိုသတ်ရန်တိုင်ပင်ကြံစည် ကြ၏။-
Common Language Bible
In The King James Version
Then from that day forth they took counsel together for to put him to death.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 11
Cross References
Nehemiah 13:21ငါသည်သူတို့အား``သင်တို့သည်မိုးလင်းချိန် ကိုမြို့ပြင်မှစောင့်ဆိုင်းလျက်နေသော်လည်း အချည်းနှီးသာလျှင်ဖြစ်၏။ သင်တို့နောက် တစ်ကြိမ်ဤသို့ပြုကြလျှင် ငါသည်သင် တို့အားအကြမ်းဖက်၍နှင်ထုတ်ရလိမ့်မည်'' ဟုသတိပေး၏။ ထိုအခါမှအစပြု၍ သူတို့သည်ဥပုသ်နေ့၌မလာကြတော့ ပေ။-
Psalms 31:13ရန်သူအများသည်တီးတိုးပြောဆိုနေသံကို ကျွန်တော်မျိုးကြားပါ၏။ ကျွန်တော်မျိုး၏ပတ်လည်တွင် ကြောက်မက်ဖွယ်ရာများနှင့်ပြည့်နှက်နေပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးအားသတ်ရန် ကြံစည်နေကြပါ၏။
Psalms 109:4ကျွန်တော်မျိုးသည်သူတို့အားမေတ္တာပြလျက် သူတို့အတွက်ဆုတောင်းပတ္ထနာပြုသော်လည်း သူတို့သည်ကျွန်တော်မျိုးအားရန်ဘက်ပြု ကြပါ၏။
Jeremiah 38:4ထိုအခါမှူးမတ်တို့သည်မင်းကြီးအား``ဤ သူကိုသုတ်သင်ပစ်မှဖြစ်ပါမည်။ သူသည် ဤစကားများကိုပြောဆိုခြင်းအားဖြင့် မြို့တွင်းရှိစစ်သည်သူရဲတို့အားလျော့ စေပါ၏။ မြို့ထဲတွင်အခြားကျန်ရှိနေသေး သူအပေါင်းကိုလည်းဤနည်းအတိုင်းပင် ဖြစ်စေပါ၏။ သူသည်လူတို့၏ကောင်းကျိုး ကိုမရှာ၊ ဆိုးကျိုးကိုသာလျှင်ရှာပါ၏'' ဟုလျှောက်ထားကြ၏။-
Matthew 16:21သခင်ယေရှုသည်ယေရုရှလင်မြို့သို့သွား၍ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ် ကြီးများနှင့်ကျမ်းတတ်ဆရာများ၏လက် တွင်ဒုက္ခဝေဒနာခံတော်မူရမည့်အကြောင်း ကိုလည်းကောင်း၊ သုံးရက်မြောက်သောနေ့၌သေ ခြင်းမှထမြောက်တော်မူမည့်အကြောင်းကို လည်းကောင်းတပည့်တော်တို့အားထိုအချိန် မှစ၍ပွင့်လင်းစွာဖော်ပြတော်မူ၏။
Matthew 26:59ယဇ်ပုရောဟိတ်ကြီးများနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည်သခင်ယေရှု အား သေဒဏ်ပေးနိုင်ရန်မဟုတ်မမှန်သောသက်သေ ကိုရှာကြ၏။-