The Bible Software
bible.software › ရှင်ယောဟန်ခရစ်ဝင် › ရှင်ယောဟန်ခရစ်ဝင် 14 › ရှင်ယောဟန်ခရစ်ဝင် 14:30

ရှင်ယောဟန်ခရစ်ဝင် 14:30

လော​က​ကို​အ​စိုး​ရ​သူ​သည်​ရောက်​ရှိ​လာ တော့​မည်။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​နှင့်​စ​ကား ကြာ​ကြာ​ပြော​နိုင်​တော့​မည်​မ​ဟုတ်။ သူ​သည် ငါ့​ကို​မည်​သို့​မျှ​မ​ပြု​နိုင်။-

Common Language Bible

In The King James Version

Hereafter I will not talk much with you: for the prince of this world cometh, and hath nothing in me.

In Context

29ထို​အ​မှု​အ​ရာ​ဖြစ်​ပျက်​သော​အ​ခါ​၌​သင် တို့​ယုံ​ကြည်​ကြ​စေ​ရန် ယ​ခု​က​ပင်​ကြို​တင် ၍​သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။-

31သို့​ရာ​တွင်​ငါ​သည်​ခ​မည်း​တော်​ကို​ချစ်​ကြောင်း ကမ္ဘာ​က​သိ​ရန်​လို​ပေ​သည်။ သို့​ဖြစ်​၍​ငါ​သည် ခ​မည်း​တော်​ငါ့​အား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ငါ​လိုက်​နာ​ဆောင်​ရွက်​၏။ ထ​၍​ဤ​နေ​ရာ​မှ​သွား​ကြ​ကုန်​အံ့'' ဟု မိန့်​တော်​မူ​၏။

Read all of ရှင်ယောဟန်ခရစ်ဝင် 14

Cross References

Luke 1:35ကောင်း​ကင်​တ​မန်​က ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သည်​သင်​၏​အ​ပေါ်​သို့​သက်​ရောက်​လိမ့်​မည်။ အ​မြင့် မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​တန်​ခိုး​တော်​သည် သင့်​ကို​လွှမ်း​ခြုံ​လိမ့်​မည်။ ထို​ကြောင့်​သင်​မွေး​ဖွား လတ္တံ့​သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​သူ​ငယ်​ကို သန့်​ရှင်း​မြင့်​မြတ်​သော​အ​ရှင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်။-

Luke 24:44ထို​နောက်​ကိုယ်​တော်​က ``မော​ရှေ​၏​ပ​ညတ်​ကျမ်း၊ ပ​ရော​ဖက်​ကျမ်း​များ​နှင့်​ဆာ​လံ​ကျမ်း​တွင်​ငါ ၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ဖော်​ပြ​ထား​သည့် အ​မှု​အ​ရာ​များ​သည်​ဖြစ်​ပျက်​ရ​မည်​ဟူ​၍ သင် တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​ပြော​ခဲ့​၏။ ငါ ပြော​ခဲ့​သည့်​အ​တိုင်း​ယ​ခု​ဖြစ်​ပျက်​လျက်​ရှိ​၏'' ဟု​မိန့်​တော်​မူ​၏။

John 16:11လော​က​ကို​အ​စိုး​ရ​သူ​သည်​တ​ရား​စီ​ရင် ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင် တော်​မူ​ခြင်း​အ​ကြောင်း​ကို​ဖော်​ပြ​မည်။''

2 Corinthians 4:4ဤ​လော​က​ကို​အ​စိုး​ရ​သော​ဘု​ရား​သည် ထို​သူ​တို့​၏​စိတ်​ကို​အ​မှောင်​ဖြင့်​ဖုံး​အုပ်​စေ သ​ဖြင့် သူ​တို့​သည်​သ​တင်း​ကောင်း​ကို​မ​ယုံ ကြ။ ထို​ဘု​ရား​ကြောင့်​ဘု​ရား​သ​ခင်​၏​ပုံ သဏ္ဌာန်​တည်း​ဟူ​သော​ခ​ရစ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​အ​ကြောင်း သ​တင်း​ကောင်း မှ​ထွက်​ပေါ်​လာ​၍​သူ​တို့​အ​ပေါ်​သို့​ကျ ရောက်​သည့်​အ​လင်း​ရောင်​ကို​သူ​တို့​မ​မြင် ကြ။-

Ephesians 2:2လော​က​၏​အ​ပြစ်​လမ်း​စဉ်​အ​တိုင်း​လိုက်​လျှောက် ခဲ့​ကြ​၏။ အာ​ကာ​သ​ရှိ​ဝိ​ညာဉ်​တန်​ခိုး​များ​ကို အုပ်​စိုး​သော​မင်း​ကို​နာ​ခံ​သူ​များ​ဖြစ်​ခဲ့​ကြ​၏။ ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ကို​မ​နာ​ခံ​သူ တို့​သည် ယ​ခု​အ​ခါ​၌​ထို​သူ​၏​စိုး​မိုး​အုပ် ချုပ်​ခြင်း​ကို​ခံ​လျက်​နေ​ကြ​ရ​၏။-

Colossians 1:13ကိုယ်​တော်​သည်​ငါ​တို့​အား​မှောင်​မိုက်​၏ တန်​ခိုး​မှ​ကယ်​နုတ်​တော်​မူ​၍ မိ​မိ​ချစ်​မြတ် နိုး​တော်​မူ​သော​သား​တော်​၏​နိုင်​ငံ​တော်​ထဲ သို့​ခေါ်​သွင်း​တော်​မူ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ရှင်ယောဟန်ခရစ်ဝင် 14:30

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)
← ရှင်ယောဟန်ခရစ်ဝင် 14:29ရှင်ယောဟန်ခရစ်ဝင် 14ရှင်ယောဟန်ခရစ်ဝင် 14:31 →