ရှင်ယောဟန်ခရစ်ဝင် 15:24
အကယ်၍ငါသည်အခြားမည်သူမျှမပြု သည့်အမှုအရာများကိုသူတို့၏ရှေ့တွင် မပြုခဲ့လျှင် သူတို့၌အပြစ်ရှိမည်မဟုတ်။ ယခုမူကားသူတို့သည်ငါပြုသည့်အမှု အရာများကိုမြင်ရကြလေပြီ။ သို့ဖြစ်၍ ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်း ကောင်းမုန်းကြ၏။-
Common Language Bible
In The King James Version
In Context
23ငါ့ကိုမုန်းသောသူသည်ငါ့ခမည်းတော်ကို လည်းမုန်း၏။-
Read all of ရှင်ယောဟန်ခရစ်ဝင် 15
Cross References
Exodus 20:5ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၍ ငါနှင့်ပြိုင်ဘက်ဟူ၍မရှိစေရ။ ထို့ကြောင့် ရုပ်တုကိုဦးမချ၊ ဝတ်မပြုရ။ ငါ့ကိုမုန်းသော သူကို သားသမီး၊ မြေး၊ မြစ်တိုင်အောင်ဒဏ်ခတ် မည်။-
Psalms 81:15ငါ့ကိုမုန်းသောသူတို့သည်ငါ့ရှေ့၌ ကြောက်ရွံ့ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည်ထာဝရအပြစ်ဒဏ်ခံရကြ လိမ့်မည်။
Matthew 9:33နတ်မိစ္ဆာကိုနှင်ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဆွံ့အသူသည်စကားပြောလေ၏။ လူပရိသတ် တို့သည်လွန်စွာအံ့သြကြလျက် ``ဤသို့သော အခြင်းအရာမျိုးကိုဣသရေလနိုင်ငံတွင် မမြင်စဖူး'' ဟုပြောဆိုကြ၏။
Matthew 11:20အံ့သြဖွယ်နိမိတ်လက္ခဏာများကိုပြတော် မူခဲ့သည့်မြို့များသည်နောင်တမရကြသဖြင့် ကိုယ်တော်သည်ထိုမြို့တို့အားဤသို့ပြစ်တင် ဆုံးမတော်မူ၏။ ကိုယ်တော်က၊
Mark 2:12လူပရိသတ်ရှေ့မှောက်၌ပင်ထိုသူသည်ထ၍ ထမ်းစင်ကိုထမ်းပြီးလျှင်ထွက်သွားလေသည်။ ယင်းသို့ထ၍ထွက်သွားသဖြင့်လူအပေါင်း တို့သည်လွန်စွာအံ့သြကြ၏။ ``ဤအချင်း အရာမျိုးကိုငါတို့အဘယ်အခါကမျှ မမြင်စဖူး'' ဟုဆိုကာဘုရားသခင်၏ ဂုဏ်တော်ကိုချီးကူးကြ၏။
Luke 19:37ယေရုရှလင်မြို့သို့ကိုယ်တော်ချဉ်းကပ်လာ စဉ်သံလွင်တောင်အဆင်းလမ်းတွင်တပည့် နောက်လိုက်ပရိသတ်ကြီးသည် မိမိတို့တွေ့ မြင်ခဲ့ရသည့်အံ့သြဖွယ်အမှုအရာအပေါင်း အတွက်ဝမ်းမြောက်ရွှင်လန်းလျက် ဘုရားသခင် ၏ဂုဏ်တော်ကိုအသံကျယ်စွာချီးကူးကြ ၏။-