ရှင်ယောဟန်ခရစ်ဝင် 17:7
အကျွန်ုပ်တွင်ရှိသမျှသောအရာတို့သည် အထံတော်မှရရှိကြောင်းယခုသူတို့သိရှိ ကြပါပြီ။-
Common Language Bible
In The King James Version
Now they have known that all things whatsoever thou hast given me are of thee.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 17
Cross References
John 8:28ထို့ကြောင့်ကိုယ်တော်က ``လူသားကိုမြေမှ မြှောက်ထားကြသောအခါမှငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုလည်းကောင်း၊ ငါ သည်ကိုယ်ပိုင်အခွင့်အာဏာအရအဘယ် အမှုကိုမျှမပြုမူ၍ မိမိအားခမည်းတော် သွန်သင်တော်မူသည့်အကြောင်းအရာများ ကိုသာလျှင်ဟောပြောသွန်သင်သည်ကိုလည်း ကောင်း သင်တို့သိကြလိမ့်မည်။-
John 12:49အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်ပိုင်အခွင့် အာဏာအရဟောပြောခြင်းမဟုတ်။ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်၏အမိန့် တော်အရဟောပြောခြင်းဖြစ်၏။-
John 14:20ငါသည်ခမည်းတော်၌တည်နေသည်ကိုလည်း ကောင်း၊ သင်တို့သည်ငါ၌တည်နေ၍ငါသည် လည်းသင်တို့၌တည်နေသည်ကိုလည်းကောင်း ထိုနေ့ရက်၌သင်တို့သိကြလိမ့်မည်။''
John 16:27အဘယ်ကြောင့်ဆိုသော်ခမည်းတော်ကိုယ်တိုင် ပင် သင်တို့အားချစ်တော်မူသောကြောင့်ဖြစ်၏။ သင်တို့သည်ငါ့ကိုချစ်၍ ငါသည်ဘုရားသခင် ထံတော်မှလာကြောင်းကိုလည်းယုံကြည်သဖြင့် ခမည်းတော်သည်သင်တို့အားချစ်တော်မူ၏။-