ရှင်ယောဟန်ခရစ်ဝင် 18:3
သို့ဖြစ်၍သူသည်ရောမစစ်တပ်ခွဲတစ်တပ်ကို လည်းကောင်း၊ ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲ များ၏အစောင့်တပ်သားများကိုလည်းကောင်း ခေါ်လာခဲ့၏။ သူတို့သည်မီးအိမ်များ၊ မီးတုတ် များနှင့်လက်နက်များကိုကိုင်ဆောင်လာကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 18
Cross References
Psalms 3:1ထာဝရဘုရား၊ ကျွန်တော်မျိုးတွင်ရန်သူများစွာရှိပါ၏။ ကျွန်တော်မျိုးတစ်ဘက်၌ထကြွသူများကြပါ၏။
Matthew 26:47ယင်းသို့ကိုယ်တော်မိန့်တော်မူစဉ်၌ပင်လျှင် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သူယုဒသည်တုတ်၊ ဋ္ဌားကိုင်ဆောင်သူလူအမြောက်အမြားနှင့်အတူ ရောက်ရှိလာလေသည်။ ထိုသူတို့သည်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များ ကစေလွှတ်လိုက်သူများဖြစ်၏။-
Luke 22:47ထိုသို့ကိုယ်တော်မိန့်တော်မူစဉ်ပင် လူပရိသတ် တစ်စုရောက်လာ၏။ တပည့်တော်တစ်ကျိပ်နှစ်ပါး အပါအဝင်ဖြစ်သူယုဒသည် ထိုသူတို့ကို ခေါင်းဆောင်၍လာ၏။ သူသည်သခင်ယေရှုအား နမ်းရှုပ်ရန်ချဉ်းကပ်၏။-
John 13:27ထိုမုန့်ကိုယုဒစားလိုက်သည်နှင့်တစ်ပြိုင် နက်စာတန်သည်သူ၏အထဲသို့ဝင်လေ၏။ သခင်ယေရှုက ``သင်ပြုရမည့်အမှုကို အလျင်အမြန်ပြုလော့'' ဟုမိန့်တော်မူ၏။-
Acts 1:16``ညီအစ်ကိုတို့၊ သခင်ယေရှုကိုဖမ်းဆီးသူတို့ ၏လမ်းပြဖြစ်သူ ယုဒရှကာရုတ်ကိုရည်မှတ်၍ ကျမ်းစာတော်တွင်ဖော်ပြပါရှိသည်အတိုင်းဖြစ် ပျက်ရမည်သာတည်း။ ဤကျမ်းချက်ကိုသန့်ရှင်း သောဝိညာဉ်တော်သည်ဒါဝိဒ်မင်းနှုတ်အားဖြင့် ဟောကြားခဲ့၏။-