ရှင်ယောဟန်ခရစ်ဝင် 18:32
(ဤသို့လျှောက်ကြခြင်းမှာမိမိအဘယ်သို့ သေရမည်ကိုသခင်ယေရှုမိန့်မြွက်ဖော်ပြခဲ့ သည့်အတိုင်းဖြစ်ပျက်လာစေရန်ပင်ဖြစ်၏။)
Common Language Bible
In The King James Version
That the saying of Jesus might be fulfilled, which he spake, signifying what death he should die.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 18
Cross References
Psalms 22:16လူဆိုးတစ်စုသည်ကျွန်တော်မျိုးကို ဝိုင်းထားကြပါ၏။ သူတို့သည်တောခွေးအုပ်ကဲ့သို့ကျွန်တော်မျိုး အနီးသို့ချဉ်းကပ်လာပြီးလျှင် ကျွန်တော်မျိုး၏ခြေလက်များကိုကိုက်ဖြတ် ကြပါ၏။
Matthew 26:2``နောက်နှစ်ရက်မျှကြာလျှင်ပသခါပွဲကျရောက် မည်ကိုသင်တို့သိကြ၏။ ထိုအခါလူသားကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေရန်ရန်သူ့ လက်သို့အပ်ကြလိမ့်မည်'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
Luke 18:32လူသားကိုလူမျိုးခြားတို့၏လက်သို့အပ်နှံ ကြလိမ့်မည်။ သူ့ကိုပြောင်လှောင်စော်ကား၍ တံတွေးနှင့်ထွေးကြလိမ့်မည်။-
John 3:14မိမိအားယုံကြည်သူအပေါင်းတို့သည် ထာဝရ အသက်ကိုရရှိကြစေရန် လူသားသည်တော ကန္တာရ၌တိုင်ထိပ်တွင်မောရှေမြှောက်တင်ထား သည့်ကြေးမြွေရုပ်ကဲ့သို့မြှောက်တင်ခြင်း ခံရလိမ့်မည်။-
John 10:31ထိုအခါလူတို့သည်ကိုယ်တော်ကိုပေါက်ရန် ခဲများကိုကောက်ပြန်၏။-
John 12:32ငါသည်မြေမှမြှောက်ထားခြင်းခံရသောအခါ လူခပ်သိမ်းတို့ကိုငါထံသို့ဆွဲဆောင်မည်'' ဟု မိန့်တော်မူ၏။-