ရှင်ယောဟန်ခရစ်ဝင် 18:37
ပိလတ်မင်းက ``သို့ဖြစ်လျှင်သင်သည်ရှင် ဘုရင်လော'' ဟုမေး၏။ သခင်ယေရှုက ``ငါသည်သင်ဆိုသည့်အတိုင်း ရှင်ဘုရင်ဖြစ်၏။ ငါသည်သမ္မာတရားကိုဟော ပြောခြင်းငှာမွေးဖွားခြင်းကိုခံ၍ဤလောက သို့ကြွလာ၏။ သမ္မာတရားနှင့်သက်ဆိုင်သူမှန် သမျှသည် ငါ၏စကားကိုနားထောင်ကြသည်'' ဟုမိန့်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 18
Cross References
Isaiah 55:4ငါသည်သူ့ကိုလူမျိုးတကာတို့၏ခေါင်းဆောင် ဗိုလ်ချုပ်အဖြစ်ခန့်ထားစေပြီးလျှင်၊ ငါ၏ တန်ခိုးတော် ကိုလူတို့ရှေ့၌သက်သေဖြစ်စေမည်။
Matthew 27:11ရောမဘုရင်ခံမင်း၏ရှေ့သို့သခင်ယေရှုရောက်ရှိ သောအခါဘုရင်ခံမင်းက ``သင်သည်ယုဒရှင် ဘုရင်ပေလော'' ဟုမေး၏။ ကိုယ်တော်က ``သင်ဆို သည်အတိုင်းငါဖြစ်၏'' ဟုမိန့်တော်မူ၏။
Mark 15:2ပိလတ်မင်းက ``သင်သည်ယုဒရှင်ဘုရင်မှန် သလော'' ဟုကိုယ်တော်အားမေး၏။ ကိုယ်တော်က ``မင်းကြီးမေးသည့်အတိုင်းမှန်၏'' ဟုမိန့်တော်မူ၏။
Luke 23:3ပိလတ်မင်းကကိုယ်တော်အား ``သင်သည်ယုဒ ဘုရင်ပေလော'' ဟုမေး၏။ ကိုယ်တော်က ``မင်းကြီးမေးသည်အတိုင်းမှန် သည်'' ဟုမိန့်တော်မူ၏။
John 7:17ထိုအရှင်၏အလိုတော်ကိုလိုက်လျှောက်လို သူသည် ငါဟောပြောသောတရားကားဘုရား သခင်၏တရားလော၊ သို့မဟုတ်ငါ၏ကိုယ် ပိုင်တရားလောဟူ၍ခွဲခြားသိလိမ့်မည်။-
John 8:47ဘုရားသခင်၏ထံမှဖြစ်ပွားသူသည်ဘုရား သခင်၏စကားတော်ကိုနားထောင်တတ်၏။ သင် တို့သည်ဘုရားသခင်၏ထံမှဖြစ်ပွားသူ များမဟုတ်သောကြောင့်နားမထောင်ကြ'' ဟု မိန့်တော်မူ၏။