ရှင်ယောဟန်ခရစ်ဝင် 20:13
ကောင်းကင်တမန်များက ``အချင်းအမျိုး သမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်း'' ဟုမေး၏။ မာရိက ``ကျွန်မ၏အရှင်ကိုသူတို့ယူဆောင် သွားလေပြီ။ ကိုယ်တော်အားအဘယ်အရပ်မှာ ထားကြသည်ကိုကျွန်မမသိပါ'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 20
Cross References
1 Samuel 1:8သူ၏ခင်ပွန်းဧလကာနက``ဟန္န၊ သင်သည် အဘယ်ကြောင့်ငိုကြွေးနေပါသနည်း။ အဘယ် ကြောင့်အစားအစာမစားသောက်ဘဲနေပါ သနည်း။ အဘယ်ကြောင့်အစဉ်ပင်စိတ်မချမ်းမ သာဖြစ်၍နေပါသနည်း။ ငါသည်သင်၏အဖို့ သားတစ်ကျိပ်ထက်အဖိုးထိုက်သည်မဟုတ်ပါ လော'' ဟုမေးလေ့ရှိ၏။
Ecclesiastes 3:4ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသော အချိန်လည်း ရှိ၏။
Luke 24:17ကိုယ်တော်က ``သင်တို့သည်ခရီးသွားစဉ် အဘယ်အကြောင်းအရာများကိုဆွေးနွေး နေကြသနည်း'' ဟုမေးတော်မူ၏။ ထိုအခါသူတို့သည်မျက်နှာညှိုးငယ်စွာဖြင့် ထိုနေရာတွင်ရပ်လျက်နေ၏။-
John 14:27``ငြိမ်သက်ခြင်းကိုသင်တို့အားငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏။ လောကသားတို့ပေးသကဲ့သို့မဟုတ်။ သင်တို့ စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။-
John 16:20ဧကန်အမှန်သင်တို့အားငါဆိုသည်ကား သင်တို့သည်ငိုကြွေးမြည်တမ်းကြလိမ့်မည်။ လောကသားတို့မူကားဝမ်းမြောက်ကြလိမ့် မည်။ သင်တို့သည်ဝမ်းနည်းကြသော်လည်းထို ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ် သို့ပြောင်းလဲသွားလိမ့်မည်။-
John 20:2သူသည်ရှိမုန်ပေတရုနှင့်သခင်ယေရှုချစ် တော်မူသောတပည့်တော်ထံသို့ပြေးသွားပြီး လျှင် ``သခင်ဘုရားကိုသင်္ချိုင်းတော်မှယူဆောင် သွားကြလေပြီ။ အဘယ်မှာထားကြသည်ကို မသိပါ'' ဟုပြော၏။