ရှင်ယောဟန်ခရစ်ဝင် 20:31
သို့ရာတွင်သခင်ယေရှုသည်ဘုရားသခင်၏ သားတော်မေရှိယအရှင်ဖြစ်တော်မူကြောင်း သင်တို့ယုံကြည်ကြစေရန်လည်းကောင်း၊ ယင်း သို့ယုံကြည်ခြင်းအားဖြင့်ကိုယ်တော်၏နာမ တော်ကိုအမှီပြု၍အသက်ကိုရနိုင်ကြစေ ရန်လည်းကောင်းဤကျမ်းကိုရေးသားပြုစု သတည်း။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 20
Cross References
Psalms 2:7မင်းကြီးက``ထာဝရဘုရား၏ဗျာဒိတ်တော်ကို ငါကြေငြာမည်။ ကိုယ်တော်ကငါ့အား`သင်သည်ငါ၏သား ဖြစ်၏။ ယနေ့ပင်လျှင်ငါသည်သင်၏အဖဖြစ်လာ ပြီ။
Matthew 4:3ထိုအခါမာရ်နတ်သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်ဘုရားသခင်၏သားတော်မှန် လျှင်ဤကျောက်ခဲများကိုမုန့်ဖြစ်လာစေရန် အမိန့်ပေးတော်မူပါ'' ဟုလျှောက်၏။
Matthew 27:54တပ်မှူးနှင့်တကွသခင်ယေရှုကိုစောင့်ကြည့် နေကြသောစစ်သားများသည်မြေငလျင်လှုပ် သည်ကိုလည်းကောင်း၊ အခြားအဖြစ်အပျက်များ ကိုလည်းကောင်းတွေ့မြင်ကြသောအခါလွန်စွာ ကြောက်လန့်ကြ၍ ``ဤသူကားအကယ်ပင်ဘုရား သခင်၏သားတော်ဖြစ်၏'' ဟုဆိုကြ၏။
Luke 1:4အရှင်ဖတ်ရှုနိုင်ရန်အစီအစဉ်ညီညွတ်သည့် ကျမ်းစောင်ကိုပြုစုရသော်ကောင်းမည်ဟုယူဆ အပ်ပါသည်။ အရှင်ကြားသိခဲ့သောအကြောင်း အရာများကိုစုံလင်စွာအရှင့်အားသိစေလို သောကြောင့်ဤကျမ်းကိုပြုစုရခြင်းဖြစ်ပါသည်။
John 1:49ထိုအခါနာသနေလက ``အရှင်ဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားသခင်၏သားတော် ဖြစ်ပါ၏။ ဣသရေလအမျိုးသားတို့၏ ဘုရင်ဖြစ်တော်မူပါ၏'' ဟုလျှောက်လေ၏။
John 3:18သားတော်ကိုယုံကြည်သူသည်အပြစ်စီရင် တော်မူခြင်းကိုမခံရ။ မယုံကြည်သူမူကား ဘုရားသခင်၏တစ်ပါးတည်းသောသားတော် ကိုမယုံကြည်သည့်အတွက် ယခုပင်အပြစ် စီရင်ခြင်းကိုခံရ၏။-