ရှင်ယောဟန်ခရစ်ဝင် 3:35
ခမည်းတော်သည်သားတော်ကိုချစ်တော်မူ သဖြင့် တန်ခိုးအာဏာရှိသမျှကိုသားတော် လက်သို့ပေးအပ်တော်မူပြီ။-
Common Language Bible
In The King James Version
The Father loveth the Son, and hath given all things into his hand.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 3
Cross References
Genesis 41:44ထိုနောက်ဖာရောဘုရင်ကယောသပ်အား``ငါ သည်ဖာရောဘုရင်ဖြစ်၏။ အီဂျစ်တစ်ပြည် လုံးတွင်သင်၏ခွင့်ပြုချက်မရဘဲနှင့်အဘယ် သူမျှလက်ခြေကိုမကြွရ'' ဟုမိန့်တော်မူ၏။-
Psalms 2:8တောင်းလော့။ လူမျိုးတကာတို့ကိုသင့်အား ငါပေးမည်။ ကမ္ဘာမြေပြင်တစ်ခုလုံးကိုသင်ပိုင်ဆိုင်ရ လိမ့်မည်။
Isaiah 9:6ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
Matthew 3:17ထိုနောက် ``ဤသူကားငါ၏ချစ်သားဖြစ်၏။ သူ့ကိုငါနှစ်သက်မြတ်နိုး၏'' ဟုကောင်းကင်မှ အသံတော်ပေါ်ထွက်လာ၏။
Matthew 17:5ဤသို့ပေတရုလျှောက်ထားစဉ်ပင်တောက်ပသော မိုးတိမ်တိုက်တစ်ခု၏အရိပ်သည်သူတို့အပေါ် သို့ကျလာ၏။ မိုးတိမ်တိုက်ထဲမှ ``ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်မြတ်နိုး၏။ သူ၏စကားကို နားထောင်ကြလော့'' ဟုအသံတော်ထွက်ပေါ် လာ၏။
Luke 10:22``ငါ့ခမည်းတော်သည်ခပ်သိမ်းသောအရာတို့ ကိုငါ့အားပေးအပ်တော်မူပြီ။ သားတော်သည် အဘယ်သူဖြစ်ကြောင်းကိုခမည်းတော်မှ တစ်ပါးမည်သူမျှမသိ။ ခမည်းတော်သည် အဘယ်သူဖြစ်ကြောင်းကိုလည်းသားတော် နှင့်သားတော်ဖွင့်ပြလိုသူများမှတစ်ပါး မည်သူမျှမသိ'' ဟုမိန့်တော်မူ၏။