ရှင်ယောဟန်ခရစ်ဝင် 4:20
ကျွန်မတို့၏ဘိုးဘေးများသည်ဤတောင် ပေါ်မှာ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လေ့ ရှိကြပါ၏။ အရှင်တို့ယုဒအမျိုးသားများ ကမူယေရုရှလင်မြို့၌သာ ဘုရားသခင် ကိုဝတ်ပြုကိုးကွယ်ရမည်ဟုဆိုကြပါ၏'' ဟုလျှောက်၏။
Common Language Bible
In The King James Version
In Context
19အမျိုးသမီးက ``အရှင်သည်ပရောဖက် ဖြစ်တော်မူကြောင်းကိုကျွန်မသိမြင်နိုင် ပါ၏။-
Read all of ရှင်ယောဟန်ခရစ်ဝင် 4
Cross References
Genesis 12:6အာဗြံသည်ထိုပြည်ကိုဖြတ်သွားပြီးလျှင် ရှိခင် အရပ်၌ရှိသောမောရေသပိတ်ပင်သို့ရောက်ရှိ လာလေ၏။ (ထိုအချိန်ကခါနာန်အမျိုးသား တို့သည် ထိုပြည်တွင်နေထိုင်လျက်ရှိကြ၏။-)
Deuteronomy 11:29ထာဝရဘုရားသည် သင်တို့သိမ်းပိုက်မည့် ပြည်ထဲသို့ပို့ဆောင်တော်မူသောအခါ သင် တို့သည်ထိုကောင်းချီးမင်္ဂလာကိုဂေရဇိမ် တောင်ပေါ်မှာလည်းကောင်း၊ ထိုကျိန်ခြင်းကို ဧဗလတောင်ပေါ်မှာလည်းကောင်းကြေညာ ရကြမည်။-
Deuteronomy 27:12``သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး နောက် လူတို့အပေါ်ကောင်းချီးမင်္ဂလာရွတ် ဆိုသောအခါ၌ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်နှင့်ဗင်္ယာမိန်အနွယ်တို့သည်ဂေ ရဇိမ်တောင်ပေါ်တွင်ရပ်နေရကြမည်။-
Judges 9:6ထိုနောက်ရှေခင်မြို့နှင့်ဗေသမိလ္လောမြို့မှ မြို့သားအပေါင်းတို့သည်စုဝေးလျက် ရှေခင် မြို့ရှိအထိမ်းအမှတ်သပိတ်ပင်သို့သွား ရောက်၍ အဘိမလက်အားမင်းမြှောက်ကြ လေသည်။
2 Kings 17:26ရှမာရိပြည်သို့သွားရောက်နေထိုင်ကြသည့် လူတို့သည် ထိုပြည်စောင့်နတ်ဘုရား၏တရား ကိုမသိနားမလည်ကြသဖြင့် ထိုဘုရား သည်ခြင်္သေ့များကိုစေလွှတ်၍ သူတို့အား ကိုက်သတ်စေကြောင်းကိုအာရှုရိဧကရာဇ် ဘုရင်ကြားသိသောအခါ၊-
1 Chronicles 22:1ထို့ကြောင့်ဒါဝိဒ်က``ဤအရပ်ကားထာဝရ အရှင်ဘုရားသခင်၏ဗိမာန်တော်တည် ဆောက်ရမည့်အရပ်ဖြစ်၏။ ဤနေရာသည် ဣသရေလပြည်သားတို့မီးရှို့ရာယဇ် ပူဇော်ရန်နေရာဖြစ်၏'' ဟုဆို၏။