ရှင်ယောဟန်ခရစ်ဝင် 4:40
သို့ဖြစ်၍သူတို့သည်ကိုယ်တော်၏ထံတော် သို့ရောက်ကြသောအခါ မိမိတို့ထံတွင် တည်းခိုတော်မူပါဟုလျှောက်ထားတောင်းပန် ကြ၏။ သခင်ယေရှုသည်ထိုအရပ်တွင်နှစ် ရက်မျှနေတော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 4
Cross References
Proverbs 4:13ဥပဒေသကိုကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထား လော့။ အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏။
Jeremiah 14:8ကိုယ်တော်ရှင်သာလျှင်ဣသရေလအမျိုးသား တို့၏ မျှော်လင့်ရာဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးတို့ဒုက္ခရောက်သောအခါ ကူမတော်မူသောအရှင်ဖြစ်တော်မူပါ၏။ အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့ပြည်တွင်ဧည့်သည်ကဲ့သို့၊ တစ်ညဥ့်မျှသာတည်းခိုသည့်ခရီးသည်ကဲ့သို့ ပြုတော်မူပါသနည်း။
Luke 10:39မာသမှာမာရိနာမည်ရှိသောညီမတစ်ယောက် ရှိ၏။ သူသည်သခင်ယေရှု၏ခြေတော်ရင်းမှာ ထိုင်၍တရားတော်ကိုကြားနာလျက်နေ၏။-
Luke 24:29သို့ရာတွင်သူတို့က ``ယခုမိုးချုပ်စပြုပါပြီ။ နေ့အချိန်ကုန်ပါတော့မည်။ သို့ဖြစ်၍အကျွန်ုပ် တို့နှင့်အတူတည်းခိုပါ'' ဟုဆို၍ကိုယ်တော် အားဖိတ်ခေါ်ကြ၏။ ကိုယ်တော်သည်သူတို့နှင့် အတူတည်းခိုရန်လိုက်သွားတော်မူ၏။-
2 Corinthians 6:1သို့ဖြစ်၍ငါတို့သည်ဘုရားသခင်၏လုပ် ဖော်ဆောင်ဘက်များအနေဖြင့်သင်တို့အား တောင်းပန်လိုသည်ကား သင်တို့သည်ဘုရား သခင်၏ကျေးဇူးတော်ကိုခံယူရရှိသူများ ဖြစ်သည့်အားလျော်စွာ ထိုကျေးဇူးတော်ကို အကျိုးမဲ့မဖြစ်စေကြနှင့်။-