ရှင်ယောဟန်ခရစ်ဝင် 5:16
ထို့ကြောင့်ဥပုသ်နေ့၌ဤအမှုအရာကို ပြုတော်မူသည့်အတွက် ယုဒအာဏာပိုင် တို့သည်ထိုနေ့မှစ၍ကိုယ်တော်အား အနှောင့်အယှက်ပေးကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 5
Cross References
Matthew 12:13ထိုနောက်ကိုယ်တော်ကလက်သေသူအား ``သင်၏ လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည် လက်ကိုဆန့်လိုက်လျှင်ထိုလက်သည်အခြားလက် တစ်ဖက်ကဲ့သို့အကောင်းပကတိဖြစ်လာ၏။-
Luke 6:11ဖာရိရှဲတို့သည်များစွာဒေါသဖြစ်လျက် သခင်ယေရှုအားအဘယ်သို့အရေးယူရ မည်ကိုတိုင်ပင်ကြ၏။
John 7:19မောရှေသည်သင်တို့အားပညတ်တရားကို ပေးသည်မဟုတ်လော။ သို့သော်လည်းသင်တို့ တစ်စုံတစ်ယောက်မျှ ထိုပညတ်တရားကို မကျင့်သုံးကြ။ သင်တို့သည်ငါ့ကိုသတ်ရန် အဘယ်ကြောင့်ရှာကြံကြသနည်း'' ဟု မိန့်တော်မူ၏။
John 10:39ထိုအခါသူတို့သည်ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့ရာတွင်ကိုယ်တော်သည် ရှောင်တိမ်း၍ကြွသွားတော်မူ၏။
Acts 9:4သူသည်မြေပေါ်သို့လဲကျသွားပြီးနောက် ``ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ ကိုနှိပ်စက်ညှဉ်းဆဲသနည်း'' ဟုမေးမြန်းသံ ကိုကြားရ၏။