ရှင်ယောဟန်ခရစ်ဝင် 5:2
ယေရုရှလင်မြို့သိုးတံခါးအနီးမှာရေကန် ရှိ၏။ ထိုရေကန်ကိုဟေဗြဲစကားဖြင့်ဗေသေ သဒဟုခေါ်၏။ ထိုရေကန်ကိုမုခ်ငါးခုဖြင့် ခြံရံထား၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 5
Cross References
Nehemiah 3:1မြို့ရိုးကိုပြန်လည်တည်ဆောက်ကြပုံကား ဤ သို့တည်း။ ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်နှင့်သူ၏ အဖော်ယဇ်ပုရောဟိတ်တို့သည် သိုးတံခါး ကိုပြန်လည်တည်ဆောက်၍ဆက်ကပ်ပြီး လျှင် တံခါးရွက်များကိုတပ်ဆင်ကြ၏။ သူတို့သည်မြို့ရိုးကိုရာပြည့်ပြအိုးနှင့် ဟာနနေလပြအိုးတိုင်အောင်ဆက်ကပ် ကြ၏။
Nehemiah 12:39ဧဖရိမ်တံခါး၊ မြို့ဟောင်းတံခါး၊ ငါးတံခါး၊ ဟာနနေလပြအိုးနှင့်ရာပြည့်ပြအိုးတို့ကိုဖြတ်၍ သိုးတံခါးသို့သွားပြီးနောက်ဗိမာန်တော်အနီးရှိတံခါးတွင်ရပ်နေကြ၏။
Isaiah 22:11ရေကန်ဟောင်းမှစီးဆင်းလာသည့်ရေတို့ကို မြို့တွင်း၌သိုလှောင်ထားနိုင်ရန် ရေလှောင်ကန် တစ်ခုကိုလည်းတူးကြ၏။ သို့ရာတွင်သူ တို့သည်ဤအမှုကိုရှေးမဆွကပင် စီမံ ထားတော်မူသောအရှင်၊ ဖြစ်ပျက်စေတော် မူသောအရှင်ဘုရားသခင်ကိုမူအလေး ဂရုမပြုကြ။
John 19:17ကိုယ်တော်သည်ဦးခေါင်းခွံဟုနာမည်တွင်သော အရပ်သို့မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်း လျက်ကြွတော်မူ၏။ (ထိုအရပ်ကိုဟေဗြဲ ဘာသာအားဖြင့် ``ဂေါလဂေါသ'' ဟုခေါ် သတည်း။)-
John 20:16သခင်ယေရှုက ``မာရိ'' ဟုခေါ်တော်မူ၏။ ထိုအခါမာရိသည်လှည့်၍ ဟေဗြဲဘာသာ ဖြင့် ``ရဗ္ဗုနိ'' ဟုထူး၏။ (ရဗ္ဗုနိအနက်ကား အရှင်ဘုရားဟုဆိုလိုသတည်း။)