ရှင်ယောဟန်ခရစ်ဝင် 5:28
ဤအခြင်းအရာကိုသင်တို့မအံ့သြကြနှင့်။ သင်္ချိုင်းမှသူသေတို့သည်သားတော်၏အသံ တော်ကိုကြား၍ထွက်လာကြမည့်အချိန်ကျ ရောက်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 5
Cross References
Job 19:25ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း၊
Ezekiel 37:1ထာဝရဘုရား၏တန်ခိုးတော်သည်ငါ့ကို လွှမ်းမိုး၍ကိုယ်တော်၏ဝိညာဉ်တော်သည် ငါ့ ကိုဆောင်သွားပြီးလျှင်အရိုးများဖြင့်ဖုံး လွှမ်းနေသည့်ချိုင့်ဝှမ်းတွင်ချထားတော် မူ၏။-
John 3:7တစ်ဖန်မွေးဖွားခြင်းကိုခံရကြမည်ဟုငါ ဆိုသည်ကိုမအံ့သြနှင့်။-
John 5:20ခမည်းတော်သည်သားတော်ကိုချစ်တော်မူ သဖြင့် မိမိပြုသမျှသောအမှုအရာများ ကိုသားတော်အားပြသတော်မူ၏။ ဤအမှု အရာများထက်ပင်ကြီးစွာသောအမှုအရာ များကိုပြုရန် ခမည်းတော်သည်သားတော်အား ပြသပေးမည်ဖြစ်၍သင်တို့သည်အံ့သြ ကြလိမ့်မည်။-
John 11:24မာသက ``နောက်ဆုံးသောနေ့၌သူသေတို့ ထမြောက်ကြသောအခါ သူသည်အသက် ပြန်၍ရှင်မည်ကိုကျွန်မသိပါ၏'' ဟု လျှောက်၏။-
1 Corinthians 15:22လူအပေါင်းတို့သည်အာဒံနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းကြောင့်သေရကြ၏။ ထိုနည်းတူ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း ကြောင့်သေခြင်းမှရှင်ပြန်ထမြောက်ရကြ လိမ့်မည်။-