ရှင်ယောဟန်ခရစ်ဝင် 5:45
သို့သော်ငါသည်သင်တို့အားခမည်းတော်၏ ရှေ့တော်၌ အပြစ်တင်စွပ်စွဲလိမ့်မည်ဟုမထင် ကြနှင့်။ သင်တို့အားအပြစ်တင်မည့်သူကား သင်တို့ကိုးစားသောမောရှေပင်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 5
Cross References
Matthew 19:7ဖာရိရှဲတို့က ``ထိုသို့ဖြစ်ပါမူအဘယ်ကြောင့် မယားကိုဖြတ်စာနှင့်ကွာရှင်းရန်မောရှေပညတ် ခဲ့ပါသနည်း'' ဟုမေးလျှောက်ကြ၏။
John 8:5ပညတ်တရားတွင်မောရှေက ထိုသို့သော မိန်းမမျိုးကိုကျောက်ခဲနှင့်ပေါက်၍သတ်ရ မည်ဟု အကျွန်ုပ်တို့အားပညတ်ခဲ့ပါသည်။ ကိုယ်တော်သည်မည်သို့ဆိုပါမည်နည်း'' ဟု လျှောက်ကြ၏။-
John 9:28ထိုသူတို့ကသူ့အား ``သင်သာလျှင်သူ့တပည့် ဖြစ်၏။ ငါတို့ကားမောရှေ၏တပည့်များဖြစ်၏။-
Romans 2:17သို့ရာတွင်အချင်းမိတ်ဆွေ၊ သင်သည်မိမိကိုယ် ကိုယုဒအမျိုးသားဖြစ်သည်ဟုဆိုကာ ပညတ် တရားကိုအားကိုးလျက်ဘုရားသခင်အကြောင်း ကိုကြွားဝါ၏။-
Romans 7:9ငါသည်တရားဥပဒေနှင့်ကင်းလျက်အသက် ရှင်ခဲ့သည့်အချိန်ရှိခဲ့ဖူး၏။ သို့သော်ပညတ် တော်ကိုငါသိရှိလာသည်နှင့်တစ်ပြိုင်နက် အပြစ်တရားသည်ရှင်သန်လာ၏။-
2 Corinthians 3:7ကျောက်ပြားပေါ်၌အက္ခရာတင်ထားသည့် ပညတ်ကိုပေးအပ်စဉ်က ဘုရားသခင်၏ ဘုန်းအသရေတော်ထွန်းလင်းတောက်ပတော် မူ၏။ ထိုဘုန်းအသရေတော်၏ရောင်ပြန်ဟပ် မှုသည် မောရှေ၏မျက်နှာမှတဖြည်းဖြည်း မှေးမှိန်စပြုသော်လည်း လွန်စွာတောက်ပ လျက်ပင်ရှိနေသေးသဖြင့် ဣသရေလ အမျိုးသားတို့သည်သူ့ကိုစေ့စေ့မကြည့် နိုင်ကြ။ သေခြင်းတရားကိုဖြစ်ပေါ်စေ သည့်ပညတ်တရားကို ဤသို့သောဘုန်း အသရေနှင့်ပေးအပ်တော်မူပါလျှင်၊-