ရှင်ယောဟန်ခရစ်ဝင် 6:14
ဤသို့ကိုယ်တော်ပြတော်မူသောအံ့သြဖွယ် နိမိတ်လက္ခဏာကိုမြင်ကြရသောသူတို့က ``ဤသူကားလောကသို့ကြွလာတော်မူမည် ဟုဆိုသောပရောဖက်အမှန်ပင်ဖြစ်၏'' ဟု ဆိုကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 6
Cross References
Deuteronomy 18:15ထာဝရဘုရားသည်သင်တို့၏သားချင်း ထဲမှ ငါကဲ့သို့သောပရောဖက်တစ်ပါးကို စေလွှတ်တော်မူမည်ဖြစ်ရာ သူ၏စကား ကိုနားထောင်ကြလော့။''
Matthew 21:11လူပရိသတ်များက ``ဤသူသည်ဂါလိလဲ ပြည်နာဇရက်မြို့သားပရောဖက်ယေရှုဖြစ် သည်'' ဟုဖြေကြားကြ၏။
Luke 24:19ကိုယ်တော်က ``အဘယ်အမှုအရာများနည်း'' ဟုမေးတော်မူ၏။ ထိုသူနှစ်ဦးက ``နာဇရက်မြို့သားယေရှုနှင့် သက်ဆိုင်သောအမှုအရာများပင်ဖြစ်ပါ၏။ ထိုသူသည်ဘုရားသခင်နှင့်လူအပေါင်း တို့၏ရှေ့တွင်လက်သတ္တိ၊ နှုတ်သတ္တိနှင့်ပြည့်စုံ သောပရောဖက်ဖြစ်ပါ၏။-
John 4:19အမျိုးသမီးက ``အရှင်သည်ပရောဖက် ဖြစ်တော်မူကြောင်းကိုကျွန်မသိမြင်နိုင် ပါ၏။-
John 4:42ထိုသူတို့ကရှမာရိအမျိုးသမီးအား ``ယခု ငါတို့သည်ကိုယ်တော်အားယုံကြည်လာကြ သည်မှာ သင့်စကားကြောင့်မဟုတ်။ ကိုယ်တော် ၏တရားတော်ကိုငါတို့ကိုယ်တိုင်ကြားနာ ကြရသောကြောင့်ဖြစ်၏။ ဤအရှင်ကား လောက၏ကယ်တင်ရှင်အစစ်အမှန်ပင် ဖြစ်တော်မူကြောင်းကိုငါတို့သိကြပြီ'' ဟုဆိုကြ၏။
Acts 3:22မောရှေက`သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ငါ့ကိုစေလွှတ်တော်မူသည့်နည်း တူ ပရောဖက်တစ်ပါးကိုလည်းသင်တို့ထံ သို့စေလွှတ်တော်မူလိမ့်မည်။ ထိုအရှင်သည် သင်တို့အမျိုးသားထဲမှဖြစ်လိမ့်မည်။ ထို အရှင်ဟောပြောသမျှသောစကားတို့ကို သင်တို့သည်နာယူကြရမည်။-