ရှင်ယောဟန်ခရစ်ဝင် 6:51
ငါသည်ကောင်းကင်ဘုံမှဆင်းသက်သည့်အသက် အာဟာရဖြစ်၏။ ထိုအစာအာဟာရကိုမှီဝဲသူ သည်အစဉ်ထာဝရအသက်ရှင်လိမ့်မည်။ ငါပေး မည့်အစာအာဟာရသည် ကမ္ဘာသူကမ္ဘာသားတို့ အသက်ရှင်နိုင်ကြစေရန်ပေးသောငါ၏အသား ပေတည်း'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 6
Cross References
Matthew 20:28လူသားပင်လျှင်သူတစ်ပါးအားစေစားရန် ကြွလာသည်မဟုတ်။ သူတစ်ပါး၏အစေကို ခံရန်နှင့် မိမိအသက်ကိုစွန့်၍လူများအား ရွေးနုတ်ရန်ကြွလာသတည်း'' ဟုမိန့်တော်မူ ၏။
John 1:14နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
John 3:13ကောင်းကင်ဘုံမှဆင်းသက်လာသောလူသား မှတစ်ပါး အဘယ်သူမျှကောင်းကင်ဘုံသို့ မရောက်ဖူးကြ'' ဟုမိန့်တော်မူ၏။
John 4:10သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။
John 6:52ထိုအခါ ``ဤသူသည်အဘယ်သို့လျှင်ငါတို့ စားရန်အတွက် သူ၏အသားကိုပေးနိုင်ပါ မည်နည်း'' ဟုလူတို့သည်အချင်းချင်းပြင်း ထန်စွာငြင်းခုံကြ၏။
2 Corinthians 5:19ငါတို့ဟောပြောသောတရားမှာဘုရားသခင် သည်ခရစ်တော်အားဖြင့်လူသားအပေါင်းတို့ အား မိမိ၏မိတ်ဆွေများဖြစ်စေတော်မူခြင်း ဆိုင်ရာတရားဖြစ်၏။ ကိုယ်တော်သည်လူသား တို့၏အပြစ်ဒုစရိုက်များကိုမှတ်ထားတော် မမူ။ လူသားတို့အားမိမိ၏မိတ်ဆွေများ ဖြစ်စေတော်မူခြင်းတည်းဟူသောတရား ကိုငါတို့အားပေးအပ်တော်မူပေသည်။