ရှင်ယောဟန်ခရစ်ဝင် 6:54
ငါ့အသားကိုစား၍ငါ့သွေးကိုသောက်သော သူသည် ထာဝရအသက်ကိုရ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ထိုသူအားသေခြင်းမှ ရှင်ပြန်ထြေမာက်စေမည်။-
Common Language Bible
In The King James Version
In Context
55ငါ့အသားသည်စားစရာအစစ်အမှန်ဖြစ်၏။ ငါ့သွေးသည်သောက်စရာအစစ်အမှန်ဖြစ်၏။-
Read all of ရှင်ယောဟန်ခရစ်ဝင် 6
Cross References
Proverbs 9:4ဥာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
Isaiah 55:1ရေငတ်သူအပေါင်းတို့၊လာကြလော့။ ဤအရပ်တွင်ရေရှိ၏။ ကြေးငွေမရှိသူတို့လာ၍ဂျုံစပါးကို ဝယ်ယူစားသုံးကြလော့။ နို့နှင့်ပျားရည်ကိုဝယ်ယူကြလော့။ အဖိုးငွေတစ်ပြားတစ်ချပ်မျှသင်တို့ ကုန်ကျရလိမ့်မည်မဟုတ်။
John 6:27ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။
John 6:47အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ့ ကိုယုံကြည်သူသည်ထာဝရအသက်ကိုရ၏။-
Galatians 2:20သို့ဖြစ်၍ငါသည်အသက်မရှင်တော့ဘဲခရစ် တော်သာလျှင်ငါ၌ရှင်တော်မူ၏။ ယခုငါ၌ ရှိသောအသက်သည်ဘုရားသခင်၏သား တော်ကိုယုံကြည်ခြင်းအားဖြင့်ရှင်သန်လျက် နေသောအသက်ဖြစ်၏။ သားတော်သည်ငါ့ကို ချစ်တော်မူသဖြင့်ငါ၏အတွက်မိမိ အသက်ကိုစွန့်တော်မူ၏။-