ရှင်ယောဟန်ခရစ်ဝင် 6:57
အသက်ရှင်တော်မူသောခမည်းတော်သည်ငါ့ကို စေလွှတ်တော်မူ၏။ ငါသည်လည်းခမည်းတော် ကြောင့်အသက်ရှင်သည်နည်းတူ ငါ့အသား ကိုစားသောသူသည်လည်းငါ့ကြောင့်အသက် ရှင်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 6
Cross References
Jeremiah 10:10သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်မူကား စစ်မှန်သောဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားသခင်၊ထာဝရဘုရင်ဖြစ်တော် မူပါ၏။ ကိုယ်တော်အမျက်ထွက်တော်မူသောအခါ ကမ္ဘာမြေကြီးသည်တုန်လှုပ်ပါ၏။ လူမျိုးတကာတို့သည်အမျက်တော်အရှိန်ကို မခံမရပ်နိုင်ကြပါ။
John 3:17သားတော်ကိုလောကသို့စေလွှတ်တော်မူသည် မှာ လောကသားတို့အားအပြစ်စီရင်ရန် မဟုတ်။ လောကသားတို့ကိုကယ်တင်ရန် ဖြစ်၏။
John 11:25သခင်ယေရှုက ``ငါသည်အသက်ရှင်ခြင်း၊ ရှင် ပြန်ထမြောက်ခြင်းအရှင်ဖြစ်၏။ ငါ့ကိုယုံ ကြည်သောသူသည်သေသော်လည်းရှင်လိမ့် မည်။-
John 14:19ကာလအနည်းငယ်ကြာလျှင်ဤလောက သားတို့သည် ငါ့ကိုမြင်ကြရတော့မည်မဟုတ် သော်လည်း သင်တို့မူကားမြင်ကြရလိမ့်မည်။ ငါ သည်အသက်ရှင်သောကြောင့်သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။-
1 Corinthians 15:22လူအပေါင်းတို့သည်အာဒံနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းကြောင့်သေရကြ၏။ ထိုနည်းတူ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း ကြောင့်သေခြင်းမှရှင်ပြန်ထမြောက်ရကြ လိမ့်မည်။-
Galatians 2:20သို့ဖြစ်၍ငါသည်အသက်မရှင်တော့ဘဲခရစ် တော်သာလျှင်ငါ၌ရှင်တော်မူ၏။ ယခုငါ၌ ရှိသောအသက်သည်ဘုရားသခင်၏သား တော်ကိုယုံကြည်ခြင်းအားဖြင့်ရှင်သန်လျက် နေသောအသက်ဖြစ်၏။ သားတော်သည်ငါ့ကို ချစ်တော်မူသဖြင့်ငါ၏အတွက်မိမိ အသက်ကိုစွန့်တော်မူ၏။-