ရှင်ယောဟန်ခရစ်ဝင် 7:15
ယုဒအာဏာပိုင်တို့သည်လွန်စွာအံ့သြကြ လျက် ``ဤသူသည်အဘယ်သင်တန်းကျောင်း ကိုမျှမတက်ဘူးဘဲ ဤအသိပညာများကို အဘယ်သို့ရရှိပါသနည်း'' ဟုဆိုကြ၏။
Common Language Bible
In The King James Version
And the Jews marvelled, saying, How knoweth this man letters, having never learned?
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 7
Cross References
Amos 7:14ထိုအခါအာမုတ်က``ငါသည်အခကြေး ငွေယူ၍ပရောဖက်ပြုသောပရောဖက် တစ်ယောက်မဟုတ်။ ငါသည်သိုးထိန်းဖြစ် ၍သင်္ဘောသဖန်းပင်များကိုပြုစုနေသူ တစ်ဦးဖြစ်၏။-
Matthew 13:54မိမိနေရင်းမြို့သို့ရောက်ရှိတော်မူ၏။ တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူသောအခါ လူတို့သည် လွန်စွာအံ့သြကြသဖြင့် ``ဤသူသည်ဤသို့သော အသိပညာများကိုအဘယ်ကရရှိပါသနည်း။ ဤသို့သောအံ့ဖွယ်နိမိတ်လက္ခဏာများကိုအဘယ် သို့ပြနိုင်ပါသနည်း။-
Matthew 22:33ထိုသွန်သင်ချက်ကိုလူပရိသတ်တို့ကြားသော အခါအံ့သြကြ၏။
Luke 2:47သူငယ်တော်၏စကားကိုကြားကြသောသူ အပေါင်းတို့သည်သူ၏အသိပညာနှင့်ဖြေ ကြားချက်များကိုအံ့သြကြ၏။-
John 1:19ယေရုရှလင်မြို့ရှိယုဒအမျိုးသားတို့သည် ယဇ်ပုရောဟိတ်နှင့် လေဝိအနွယ်ဝင်အချို့ တို့ကိုယောဟန်ထံသို့စေလွှတ်၍ ``သင်သည် အဘယ်သူနည်း'' ဟုမေးမြန်းစေကြ၏။
Acts 2:7အံ့သြမိန်းမောတွေဝေကာ``ဤသို့ဟောပြော နေကြသူတို့ကားဂါလိလဲပြည်သားများ မဟုတ်ပါလော။-