ရှင်ယောဟန်ခရစ်ဝင် 7:26
ကြည့်ပါ။ သူသည်အထင်အရှားဟောပြောသွန် သင်လျက်နေ၏။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အားမတားမြစ်ပါတကား။ ဤသူသည် မေရှိယအရှင်ဖြစ်ကြောင်းကိုအာဏာပိုင်တို့ ကအကယ်ပင်သိရှိကြလေသလော။ သို့ရာ တွင်ဤသူ၏ဇာတိကိုငါတို့သိကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 7
Cross References
Psalms 40:9အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ လူစုတော်ဝင်အပေါင်းတို့စုဝေးရာ၌ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင် ကယ်တော်မူကြောင်းသတင်းကောင်းကို ပြောကြားပါ၏။ ဤအကြောင်းကိုကျွန်တော်မျိုးသည်အစဉ် မပြတ် ပြောကြားနေမည်ဖြစ်ကြောင်းကိုယ်တော်ရှင် သိတော်မူပါ၏။
Proverbs 28:1လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။
Isaiah 50:7သို့ရာတွင်ထာဝရအရှင်ဘုရားသခင်သည် ငါ့အားကူမတော်မူသည်ဖြစ်၍၊ ထိုသူတို့၏စော်ကားမှုများသည်ငါ့ကို ဘေးအန္တရာယ်မဖြစ်စေနိုင်။ ထိုအရာတို့ကိုခံနိုင်ရန်ငါသည်အားတင်း၍ ထားပါ၏။
Luke 7:30သို့ရာတွင်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာများမူ ကား မိမိတို့အတွက်ဘုရားသခင်ထားရှိတော် မူသောအကြံအစည်တော်ကိုပစ်ပယ်သူများ ဖြစ်ကြသဖြင့် ယောဟန်ထံတွင်ဗတ္တိဇံကို မခံမယူကြ။
John 9:22ဤသို့ဖြေကြားကြခြင်းမှာယုဒအာဏာ ပိုင်တို့ကိုကြောက်သောကြောင့်ဖြစ်၏။ ကိုယ်တော် အားမေရှိယအဖြစ်ဖြင့်အသိအမှတ်ပြု သူမှန်သမျှအား တရားဇရပ်မှထုတ်ပယ်ရန် ယုဒအာဏာပိုင်တို့သဘောတူဆုံးဖြတ် ထားပြီးဖြစ်သတည်း။-
John 12:42သို့ဖြစ်စေကာမူယုဒအာဏာပိုင်အမြောက် အမြားပင်ကိုယ်တော်ကိုယုံကြည်လာကြ၏။ သို့ရာတွင်ဖာရိရှဲများကြောင့်တရားဇရပ် မှထုတ်ပယ်ခံရမည်ကိုကြောက်၍မိမိတို့ ယုံကြည်ကြောင်းကိုပွင့်လင်းစွာဝန်မခံကြ။-