ရှင်ယောဟန်ခရစ်ဝင် 8:26
သင်တို့အကြောင်းနှင့်ပတ်သက်၍ငါပြောစရာ များစွာရှိ၏။ သင်တို့အားပြစ်တင်ရှုတ်ချစရာ လည်းများစွာရှိ၏။ ငါ့ကိုစေလွှတ်တော်မူသော အရှင်သည်သစ္စာတော်အရှင်ဖြစ်တော်မူ၏။ ထို အရှင်ထံမှငါကြားရသည့်တရားကိုသာ လျှင် ဤလောကသားတို့အားငါဟောပြော၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
27ကိုယ်တော်သည်ခမည်းတော်ကိုရည်မှတ်၍မိန့် မြွက်လျက်နေကြောင်းကို ထိုသူတို့မသိကြ။-
Read all of ရှင်ယောဟန်ခရစ်ဝင် 8
Cross References
John 7:28ကိုယ်တော်သည်ဗိမာန်တော်ထဲတွင်ဟောပြော သွန်သင်လျက်နေတော်မူစဉ် ``သင်တို့ငါ့ကို သိကြ၏။ ငါအဘယ်ကလာသည်ကိုလည်း သိကြ၏။ သို့ရာတွင်ငါသည်ကိုယ့်အခွင့် အာဏာအရလာသည်မဟုတ်။ ငါ့ကိုစေ လွှတ်တော်မူသောအရှင်သည်သစ္စာနှင့်ပြည့်စုံ တော်မူ၏။ ထိုအရှင်ကိုသင်တို့မသိကြ။-
John 8:40ဘုရားသခင်ထံတော်မှကြားနာခဲ့ရသည့် သမ္မာတရားကို သင်တို့အားဟောပြောသူငါ့ ကိုသတ်ရန်သင်တို့ကြံစည်လျက်နေကြ၏။ အာဗြဟံကားဤသို့မကျင့်ခဲ့။-
John 12:47ငါဟောပြောသောစကားကိုကြား၍မခံမယူ သူကိုငါသည်တရားမစီရင်။ လောကသားတို့ ကိုတရားစီရင်ရန်ငါလာသည်မဟုတ်။ လောက သားတို့ကိုကယ်တင်ရန်ငါလာသတည်း။-
John 16:12``သင်တို့အားငါပြောစရာများရှိသေး သော်လည်းယခုသင်တို့ခံယူနိုင်ကြမည် မဟုတ်။-
2 Corinthians 1:18ဘုရားသခင်သည်ယုံကြည်ထိုက်သောအရှင် ဖြစ်တော်မူသကဲ့သို့ ငါပြောသောစကားသည် လည်းစကားနှစ်ခွမဟုတ်။-