ရှင်ယောဟန်ခရစ်ဝင် 8:44
သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
Common Language Bible
In The King James Version
In Context
45ငါသည်သစ္စာစကားကိုပြောသောကြောင့်သင် တို့ငါ့ကိုမယုံကြ။-
Read all of ရှင်ယောဟန်ခရစ်ဝင် 8
Cross References
Genesis 3:3သို့ရာတွင်ဥယျာဉ်အလယ်၌ရှိသောအပင်၏ အသီးကိုမူကားမစားရ။ ကိုင်ပင်မကိုင်ရ။ ကိုင်မိစားမိလျှင်သေရကြမည်ဟု ဘုရားသခင်၏အမိန့်တော်ရှိမူ၏'' ဟူ၍ပြန်ဖြေ၏။
Genesis 4:8ကာဣနသည်ညီအာဗေလအား``လမ်းလျှောက် ထွက်ကြမည်'' ဟုခေါ်၍လယ်ထဲသို့ရောက်ရှိ ကြလျှင် ညီအာဗေလကိုရန်ဘက်ပြုကာ သတ်လေ၏။
1 Chronicles 21:1စာတန်သည်ဣသရေလပြည်သားတို့ကို ဒုက္ခပေးလိုသဖြင့် ဒါဝိဒ်အားသန်းခေါင် စာရင်းကောက်ယူရန်ဆုံးဖြတ်စေ၏။-
2 Chronicles 18:21ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရောဖက် များထံသို့သွား၍သူတို့အားလိမ်လည်ဟောပြော စေပါမည်' ဟုလျှောက်၏။ ထာဝရဘုရားကလည်း`သင် သွား၍အာဟပ်အားလိမ်လည်လှည့်စားလော့။ အောင်မြင်ခွင့်ရလိမ့်မည်' ဟုမိန့်တော်မူပါ၏'' ဟုဆင့်ဆိုလေ၏။
Job 2:4စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။
John 6:70သခင်ယေရှုက ``ငါသည်တစ်ကျိပ်နှစ်ပါး သောသင်တို့ကိုရွေးချယ်ခန့်ထားခဲ့သည် မဟုတ်ပါလော။ သို့သော်လည်းသင်တို့တွင် နတ်မိစ္ဆာတစ်ဦးပါလျက်နေ၏'' ဟုမိန့်တော် မူ၏။-