ရှင်ယောဟန်ခရစ်ဝင် 8:9
ထိုသူတို့သည်ဤသို့ကိုယ်တော်မိန့်တော်မူသည် ကိုကြားကြသောအခါ အသက်ကြီးသူများ ကအစပြု၍တစ်ယောက်ပြီးတစ်ယောက်ထွက် သွားကြ၏။-
Common Language Bible
In The King James Version
In Context
8ထိုနောက်ငုံ့၍မြေပေါ်တွင်ရေးခြစ်လျက် နေတော်မူပြန်၏။-
Read all of ရှင်ယောဟန်ခရစ်ဝင် 8
Cross References
Genesis 42:21ထိုနောက်သူတို့အချင်းချင်းက``အကယ်စင်စစ် ငါတို့ညီအားပြုခဲ့သမျှအတွက် ယခုငါတို့ ခံရကြလေပြီ။ သနားညှာတာရန်ငါတို့၏ညီ ကတောင်းပန်သောအခါ ငါတို့သည်သူ၏စိတ် ဆင်းရဲခြင်းကိုမြင်လျက်နှင့်သူ့အားမသနား မညှာတာခဲ့ချေ။ ထို့ကြောင့်ငါတို့သည်ယခု ဝဋ်လည်နေရကြ၏'' ဟုပြောဆိုကြ၏။
1 Kings 17:18မုဆိုးမသည်ဧလိယအား``အို ထာဝရဘုရား ၏အစေခံ၊ အရှင်သည်အဘယ်ကြောင့်ကျွန်မ အားဤသို့ဒုက္ခရောက်စေပါသနည်း။ အရှင် သည်ကျွန်မ၏သားသေရအောင်ဘုရားသခင်အား ကျွန်မ၏အပြစ်များကိုပြန် လည်သတိပေးရန်အတွက် ဤအရပ်သို့ ကြွလာတော်မူပါသလော'' ဟုဆို၏။
Job 20:5ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
Psalms 9:15ဘုရားမဲ့သူတို့သည်မိမိတို့တူးသောကျင်း ထဲသို့ ပြန်၍ကျကြလေပြီ။ မိမိတို့ထောင်ထားသောကျော့ကွင်းတွင်း၌ ပင်လျှင် ပြန်၍မိကြလေပြီ။
Psalms 50:21သင်သည်ဤအမှုတို့ကိုပြုကျင့်သော်လည်း ငါသည်ဆိတ်ဆိတ်နေခဲ့၏။ သို့ဖြစ်၍ငါ့ကိုသင်နှင့်တူသည်ဟုထင်မှတ်ခဲ့၏။ သို့ရာတွင်ယခုငါသည်သင့်အားပြောဆို ဆုံးမမည်။ သင်၏အပြစ်ကိုပွင့်လင်းစွာသင့်အားဖော်ပြမည်။
Ecclesiastes 7:22သင်သည်ကိုယ်တိုင် သူတပါးတို့ကိုအဖန်ဖန် ကျိန်ဆဲ ကြောင်းကို၊ ကိုယ်စိတ်နှလုံးထဲမှာသိ၏။