ရှင်ယောဟန်ခရစ်ဝင် 9:18
သို့ရာတွင်ယုဒအာဏာပိုင်တို့သည်ယခင်က ထိုသူမျက်မမြင်ဖြစ်ခဲ့သည်ကိုလည်းကောင်း၊ ယခုမျက်စိမြင်လာသည်ကိုလည်းကောင်း မယုံသဖြင့် သူ့မိဘတို့ကိုခေါ်၍မေးကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 9
Cross References
Isaiah 26:11ရန်သူများသည်မိမိတို့အား၊ ကိုယ်တော်ရှင်အပြစ်ဒဏ်ခတ်တော်မူမည် ကိုမသိကြပါ။ အို ထာဝရဘုရားသူတို့အားအရှက်ကွဲ စေတော်မူပါ။ ဒုက္ခရောက်စေတော်မူပါ။ ကိုယ်တော်ရှင်ပြင်ဆင်ထား တော်မူသည့်အပြစ်ဒဏ်ကိုခံစေတော်မူပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော်အား အဘယ်မျှချစ်တော်မူကြောင်း သူတို့အားပြတော်မူပါ၏။
Luke 16:31အာဗြဟံက `သူတို့သည်မောရှေနှင့်ပရောဖက် များ၏စကားကိုနားမထောင်ကြလျှင် အကယ် ၍သေခြင်းမှလူတစ်စုံတစ်ယောက်ထမြောက် လာသော်လည်း သူတို့ယုံကြည်ကြလိမ့်မည် မဟုတ်' ဟုဆို၏'' ဟူ၍မိန့်တော်မူ၏။
John 5:44သင်တို့သည်အချင်းချင်းချီးမွမ်းဂုဏ်ပြုခြင်း ကိုခံလိုကြ၏။ သို့ရာတွင်တစ်ဆူတည်းရှိတော် မူသောဘုရားသခင်၏ချီးမွမ်းဂုဏ်ပြုခြင်း ကိုခံရန်ကိုမူမကြိုးစားကြ။ သို့ဖြစ်၍သင် တို့သည်ငါ့ကိုအဘယ်သို့ယုံကြည်နိုင်ကြ မည်နည်း။-
John 12:37သူတို့၏မျက်မှောက်တွင်များစွာသောနိမိတ် လက္ခဏာတို့ကိုပြတော်မူခဲ့သော်လည်း သူတို့သည်ကိုယ်တော်ကိုမယုံကြည်ကြ။-
Hebrews 4:11သို့ဖြစ်၍မယုံကြည်သဖြင့်ငြိမ်ဝပ်ရာချမ်း သာကိုမရရှိသောသူတို့ကဲ့သို့ မည်သူမျှ မဖြစ်စေဘဲငြိမ်ဝပ်ရာချမ်းသာကိုရရှိ နိုင်ရန်ငါတို့သည်အစွမ်းကုန်ကြိုးစား ကြစို့။