ရှင်ယောဟန်ခရစ်ဝင် 9:31
ဘုရားသခင်သည်အပြစ်ကူးသူတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မမူပါ။ ကိုယ် တော်အားကိုင်းရှိုင်းရိုသေလျက်အလိုတော် အတိုင်း လုပ်ဆောင်သောသူ၏ဆုတောင်းပတ္ထနာ ကိုသာနားညောင်းတော်မူပါ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 9
Cross References
Genesis 18:23အာဗြဟံသည်ထာဝရဘုရားထံချဉ်းကပ် ၍``ကိုယ်တော်သည်အပြစ်မဲ့သူတို့ကို အပြစ် ရှိသူတို့နှင့်အတူအမှန်ပင်သေကြေပျက်စီး စေတော်မူမည်လော။-
Genesis 20:7ယခုပင်ထိုမိန်းမကိုသူ၏ယောကျာ်းထံသို့ ပြန်အပ်လော့။ ထိုသူသည်ပရောဖက်ဖြစ်၍သင့် အသက်ချမ်းသာရာရစေရန် သူသည်သင့်အ တွက်ဆုတောင်းပေးလိမ့်မည်။ ထိုမိန်းမကိုပြန် ၍မအပ်လျှင်မူကား သင်နှင့်တကွသင်၏လူ မျိုးအားလုံးတို့သည်မုချသေရကြမည်'' ဟုဘုရင်အားမိန့်တော်မူ၏။
1 Kings 18:36ညဥ့်ဦးယံယဇ်ပူဇော်ချိန်ရောက်သောအခါ ပရောဖက်ဧလိယသည်ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်၍``အို အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ ၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည်ဣသရေလအမျိုးသားတို့၏ဘုရား ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်၍ဤအမှု အရာအလုံးစုံကို ကိုယ်တော်၏အမိန့်တော် အရပြုကြောင်းကိုလည်းကောင်းယနေ့သိ ကြပါစေသော။-
Job 27:8အဓမ္မလူသည် ဆုံးခြင်းသို့ရောက်၍၊ အသက်ဝိညာဉ်ကိုဘုရား သခင်နှုတ်တော်မူသောအခါ အဘယ် မြော်လင့်စရာရှိသေးသနည်း။
Job 42:8သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။
Psalms 34:15ဘုရားသခင်သည်သူတော်ကောင်းတို့အား ကြည့်ရှုစောင့်ရှောက်တော်မူ၍ သူတို့၏အော်ဟစ်သံများကိုနားညောင်းတော် မူ၏။