ရှင်ယောဟန်ခရစ်ဝင် 9:7
``သွားလော့၊ ရှိလောင်ရေကန်တွင် ဆေးလော့'' ဟု မိန့်တော်မူ၏။ (ရှိလောင်၏အနက်ကား ``စေလွှတ် သည်'' ဟုဆိုလိုသတည်း။) ထိုသူသည်သွား၍ မျက်စိကိုဆေးပြီးနောက်မျက်စိမြင်လျက် ပြန်လာ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 9
Cross References
Exodus 4:11ထိုအခါထာဝရဘုရားက``လူကိုမည်သူ ကစကားပြောစေသနည်း။ လူကိုမည်သူက နားထိုင်းဆွံ့အစေသနည်း။ လူကိုမည်သူက စက္ခုအလင်းရစေသနည်း။ သို့မဟုတ်မျက်စိ ကွယ်စေသနည်း။ ငါထာဝရဘုရားပင် မဟုတ်ပါလော။-
Nehemiah 3:15ကောလဟောဇ၏သား၊ မိဇပါနယ်ကိုအုပ် ချုပ်ရသူရှလ္လုံသည် စမ်းရေတွင်းတံခါးကို ပြန်လည်တည်ဆောက်ကာအမိုးမိုး၍တံခါး ရွက်များ၊ မင်းတုပ်များနှင့်ကန့်လန့်ကျင် များကိုတပ်ဆင်၏။ သူသည်ဘုရင်ဥယျာဉ် အနီး၊ ရှိလောင်ရေကန်မြို့ရိုးကိုဒါဝိဒ်မြို့ တော်လှေကားတိုင်အောင်တည်ဆောက်လေ သည်။
Isaiah 8:6ကိုယ်တော်က``ဤလူစုသည်ဆိတ်ငြိမ်စွာ စီးဆင်းလျက်နေသော ရှိလောင်ချောင်းရေ ကိုပစ်ပယ်ကာရေဇိန်မင်းနှင့်ပေကာမင်း တို့၏ရှေ့တွင်တုန်လှုပ်လျက်နေသဖြင့်၊-
Isaiah 32:3သူတို့သည်ပြည်သူတို့၏ချို့တဲ့မှုများကို သိရှိရန်မျက်စိရှင်ရှင်နားပါးပါးနှင့်နေ လိမ့်မည်။-
Isaiah 42:7သင်သည်မျက်မမြင်တို့အားမျက်စိပွင့်လင်း လာစေ၍ အချုပ်ထောင်အမှောင်ခန်းများရှိလူတို့အား အနှောင်အဖွဲ့မှလွတ်မြောက်စေလိမ့်မည်။
Isaiah 43:8ဘုရားသခင်က ``ငါ၏လူမျိုးတော်ကိုတရားရုံးတော်သို့ ဆင့်ခေါ်ကြလော့။ သူတို့သည်မျက်စိရှိလျက်နှင့်မမြင်ကြ။ နားရှိလျက်နှင့်မကြားကြပါတကား။