Jonah 1:11
ထိုအခိုက်တွင်လေမုန်တိုင်းသည်ပြင်းထန်သည်ထက်ပိုမိုပြင်းထန်၍လာ၏။ သို့ဖြစ်၍သင်္ဘောသားတို့က``လေမုန်တိုင်းရပ်စဲသွားစေရန်ငါတို့သည် သင့်အားအဘယ်သို့ပြုသင့်ပါသနည်း'' ဟုယောနအားမေးကြ၏။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 21:1ဒါဝိဒ်နန်းစံချိန်အတွင်း၌သုံးနှစ်ပတ်လုံး အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးဆိုက် ရောက်လာ၏။ သို့ဖြစ်၍ဒါဝိဒ်သည်ထာဝရ ဘုရားထံစုံစမ်းလျှောက်ထားရာထာဝရ ဘုရားက``ရှောလုသည်ဂိဗောင်မြို့မှလူတို့ အားကွပ်မျက်ခဲ့သည့်အတွက် သူနှင့်သူ၏ မိသားစုတွင်လူသတ်မှုအပြစ်ရှိသဖြင့် ဤဘေးဆိုးကျရောက်လာခြင်းဖြစ်၏'' ဟု မိန့်တော်မူ၏။-
2 Samuel 24:11ထာဝရဘုရားသည်ဒါဝိဒ်၏ပုရောဟိတ် ဖြစ်သူပရောဖက်ဂဒ်အား``သင်သည်ဒါဝိဒ် ထံသို့သွားလော့။ ငါပြုရန်ရှိသည့်အမှု သုံးခုအနက်သူကြိုက်နှစ်သက်ရာတစ်ခု ကိုရွေးချယ်နိုင်ကြောင်းပြောကြားလော့။ သူ ရွေးချယ်ရာကိုငါပြုမည်'' ဟုမိန့်တော်မူ၏။ နောက်တစ်နေ့နံနက်အချိန်ဒါဝိဒ်အိပ်ရာ မှထတော်မူသောအခါ၊-