bible.software › Jonah › Jonah 2 › Jonah 2:5
Jonah 2:5
ရေသည်အကျွန်ုပ်ကိုဝိုင်းရံသဖြင့်အကျွန်ုပ် သည် အသက်ရှူ၍ပင်မရတော့ပါ။ ပင်လယ်ရေသည်အကျွန်ုပ်အားလွှမ်းမိုးလျက်၊ ပင်လယ်ဒိုက်ပင်တို့သည်လည်း အကျွန်ုပ်၏ဦးခေါင်းကိုရစ်ပတ်ကြပါ၏။
Common Language Bible
In The King James Version
The waters compassed me about, even to the soul: the depth closed me round about, the weeds were wrapped about my head.
In Context
4အကျွန်ုပ်သည်ကိုယ်တော်၏မျက်မှောက်မှ နှင်ထုတ်ခြင်းကိုခံရသဖြင့်၊ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန် တော်ကို အဘယ်အခါ၌မျှတွေ့မြင်ရတော့မည် မဟုတ်ဟုထင်မှတ်ခဲ့ပါ၏။
6အကျွန်ုပ်သည်တောင်များ၏အောက်ခြေသို့ တိုင်အောင်လည်းကောင်း၊ ပြန်လမ်းမရှိသည့်မရဏာနိုင်ငံသို့ လည်းကောင်း နစ်မြုပ်သွားပါသည်။ သို့ဖြစ်လျက်ပင်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏အသက်ကို နက်ရာမှ ကယ်ဆယ်တော်မူခဲ့ပါ၏။
Read all of Jonah 2
Cross References
Psalms 5:8အို ထာဝရဘုရား၊ ကျွန်တော်မျိုးမှာရန်သူများစွာရှိပါ၏။ ကိုယ်တော်၏အလိုတော်အတိုင်းပြုကျင့်ရန် ကျွန်တော်မျိုးအားလမ်းပြတော်မူပါ။ ကျွန်တော်မျိုးအားကိုယ်တော်ရှင် လိုက်လျှောက်စေလိုသည့်လမ်းကို ဖြောင့်ဖြူးစေတော်မူပါ။
Psalms 69:1အို ဘုရားသခင်၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။ ရေသည်ကျွန်တော်မျိုး၏လည်မျိုတိုင်အောင် ရောက်လျက်နေပါပြီ။
This Verse In Other Editions
Study Jonah 2:5