Jonah 2:7
အကျွန်ုပ်သည်သေအံ့ဆဲဆဲအချိန်တွင် အို ထာဝရဘုရား၊ ကိုယ်တော်၏ထံတော်သို့ဆုတောင်းခဲ့ပါ၏။ ကိုယ်တော်သည်လည်းကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်မှ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာသံကိုကြားတော်မူပါ၏။
Common Language Bible
In The King James Version
In Context
Cross References
2 Chronicles 30:27ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့ သည်ပြည်သူတို့အတွက် ထာဝရဘုရားထံ တော်မှကောင်းချီးမင်္ဂလာကိုတောင်းလျှောက် ကြသဖြင့် ထာဝရဘုရားသည်စံတော်မူရာ ကောင်းကင်ဘုံမှသူတို့၏ပတ္ထနာကိုနား ညောင်းတော်မူ၏။
Psalms 18:6ငါသည်ဒုက္ခရောက်၍ဘုရားသခင်အား လျှောက်ထားပါ၏။ ကူမတော်မူရန်ငါ၏ဘုရားအားလျှောက် ထားပါ၏။ ကိုယ်တော်သည်ဗိမာန်တော်ထဲမှငါ၏ အသံကိုကြားတော်မူ၏။ ကူမတော်မူရန်ငါ၏အော်သံကိုကိုယ်တော် ကြားတော်မူ၏။
Psalms 22:14ကျွန်တော်မျိုး၏ခွန်အားသည်မြေကြီးပေါ်တွင် ဖိတ်သည့်ရေကဲ့သို့ခန်းခြောက်သွားပါ၏။ ကျွန်တော်မျိုး၏အရိုးအားလုံးသည် အဆစ်ပြုတ်လျက်နေပါ၏။ ရင်တွင်းမှနှလုံးသားသည်အရည်ပျော် သော ဖယောင်းကဲ့သို့ဖြစ်၍နေပါ၏။
Psalms 42:5ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ် ရသနည်း။ အဘယ်ကြောင့်ပူပင်သောကရောက်ရသနည်း။ ငါသည်ဘုရားသခင်အားမျှော်ကိုးလျက် နေပါမည်။ ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားအားတစ်ဖန် ထောမနာပြုပါမည်။
Psalms 43:5ငါသည်အဘယ်ကြောင့်ဤမျှစိတ်ညှိုးငယ်ရသနည်း။ အဘယ်ကြောင့်စိတ်ဒုက္ခရောက်ရသနည်း။ ငါသည်ဘုရားသခင်အားမျှော်ကိုးမည်။ ငါ၏ကယ်တင်ရှင်၊ငါ၏ဘုရားအား တစ်ဖန်ထောမနာပြုမည်။
Psalms 77:10ထို့နောက်``ဘုရားသခင်၌တန်ခိုးမရှိတော့ သဖြင့် ငါ့အတွက်အနာကြည်းဆုံးဖြစ်သည်'' ဟု ငါပြောဆိုနေမိ၏။