Jonah 3:8
လူနှင့်တိရစ္ဆာန်အပေါင်းတို့သည်လျှော်တေ ကိုဝတ်ရကြမည်။ လူတိုင်းပင်စိတ်အားထက် သန်စွာဘုရားသခင်ထံဆုတောင်းရမည်။ ထို့ပြင်မိမိတို့၏မကောင်းမှုများနှင့်အဋ္ဌမ္မ မှုများကိုစွန့်ပစ်ရကြမည်။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 130:1အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်စိတ်နှလုံးကြေကွဲရာမှ ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။
Isaiah 55:6ထာဝရဘုရားသည်ယခုသင်တို့အနီးတွင် ရှိတော်မူပြီဖြစ်၍၊ အထံတော်သို့လှည့်၍ဆုတောင်းပတ္ထနာပြု ကြလော့။
Isaiah 59:6ယင်းတို့သည်ပင့်ကူမြှေးဖြင့်ယက်လုပ်သော အထည်ကဲ့သို့ အချည်းနှီးသာလျှင်ဖြစ်ကြ ၏။ မိမိတို့ယက်လုပ်သောအရာသည် လုံခြုံ မှုကိုမပေးနိုင်၊ ဆိုးညစ်၍အကြမ်းဖက် သောအမှုတို့ပြုလုပ်ကြ၏။-
Ezekiel 18:21``ဆိုးညစ်သူသည်အပြစ်ဒုစရိုက်ကိုရပ်စဲ ၍ ငါ၏ပညတ်တော်တို့ကိုစောင့်ထိန်း၏။ မှန် ရာကောင်းရာကိုလည်းပြုကျင့်၏။ ထိုသူ သည်သေရမည်မဟုတ်။ မုချပင်အသက် ရှင်ရလိမ့်မည်။-
Ezekiel 18:30``အချင်းဣသရေလအမျိုးသားတို့၊ ငါ အရှင်ထာဝရဘုရားသည် ယခုသင်တို့ တစ်ဦးစီအားသင်တို့အသီးသီးပြုခဲ့ ကြသည့်အမှုကိုလိုက်၍ တရားစီရင်တော် မူမည်ဖြစ်ကြောင်းပြောကြား၏။ သင်တို့သည် ပြုကျင့်လျက်နေသောဆိုးညစ်မှုအပေါင်း မှကြဉ်ရှောင်ကြလော့။ အပြစ်ဒုစရိုက်က သင်တို့အားမပျက်စီးစေနှင့်။-
Daniel 4:27ထိုကြောင့်အရှင်မင်းကြီး၊ အကျွန်ုပ်ပေး သည့်အကြံကိုနာယူတော်မူပါ။ အပြစ် ကူးမှုကိုရပ်စဲ၍တရားသောအမှုကို ပြုတော်မူပါ။ ဆင်းရဲသူတို့အားကရု ဏာထားတော်မူပါ။ ယင်းသို့ပြုပါလျှင် အရှင်သည်စည်းစိမ်ချမ်းသာတိုးပွား တော်မူပါလိမ့်မည်'' ဟုလျှောက်၏။