Jonah 4:11
ထိုနည်းတူပင်အမှားအမှန်ကိုမဝေခွဲ နိုင်သည့်ကလေးသူငယ်တစ်သိန်းနှစ်သောင်း ကျော်နှင့်တိရစ္ဆာန်အမြောက်အများရှိသော နိနေဝေမြို့ကိုငါပို၍နှမြောသင့်သည် မဟုတ်လော'' ဟုမိန့်တော်မူ၏။ ပရောဖက်ယောန၏ဝတ္ထုပြီး၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 9:10သင်္ဘောထဲမှသင်တို့နှင့်အတူထွက်လာသောသက်ရှိသတ္တဝါဖြစ်သည့်ငှက်နှင့်တိရစ္ဆာန်အပေါင်းတို့နှင့်လည်းကောင်းငါသည်ယခုပဋိညာဉ်ပြု၏။-
Psalms 36:6ကိုယ်တော်၏တရားမျှတမှုသည်မြင့်မားသော တောင်ရိုးနှင့်တူပါ၏။ ကိုယ်တော်ရှင်၏စီရင်တော်မူချက်တို့သည် ပင်လယ်၏နက်ရှိုင်းရာများနှင့်တူပါ၏။ ကိုယ်တော်ရှင်သည်လူနှင့်တိရစ္ဆာန်တို့ကို စောင့်ရှောက်တော်မူပါ၏။
Psalms 104:27ထိုတိရစ္ဆာန်များအားလုံးတို့သည်အချိန်တန်လျှင် အစာရရှိရန်ကိုယ်တော်ရှင်ကိုအားကိုးကြပါ၏။
Psalms 145:9ကိုယ်တော်သည်လူတိုင်းကိုကျေးဇူးပြုတော် မူ၍ မိမိဖန်ဆင်းတော်မူသမျှသောသတ္တဝါတို့ အား ကရုဏာထားတော်မူ၏။
Isaiah 1:18ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။-